Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၏ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တွေ့ ဆုံစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အာဆီယံ အတွင်းရေးမှူးချုပ် H.E. Mr. Lim Jock Hoi တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံမှ ပြင်ဆင် ထားရှိ သည့် အစီအစဉ်များ ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အထောက်အကူဖြစ်စေရေးအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ညှိနှိုင်း ရေး ဌာန (AHA Centre) က လိုအပ်ချက်ဆန်းစစ်ဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ရေးကိစ္စနှင့် သဘာဝဘေး အန္တရာယ် တုံ့ပြန်ရေး ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအစီအစဉ်များ မြန်မာနိုင်ငံ၌ ဖွင့်လှစ်ရေးကိစ္စတို့အား ဆွေးနွေး ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံ အတွင်းရေးမှူးချုပ် H.E. Mr. Lim Jock Hoi အား ယနေ့ဒီဇင်ဘာ ၁၈ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြား ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.