Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ ငွေကျပ် သိန်း ၅၇,၇၂ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်း ရမိ

သိမ်းဆည်း ရမိသည့် စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းမိခဲ့သူများအား တွေ့ ရစဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့၌ ငွေကျပ် သိန်း ၅၇,၇၂ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၈၆,၀၀၀ ပြားအား သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ဘူးသီးတောင်မြို့ မြို့မရပ်ကွက်မှ ရွာမကျေးရွာသွား ကားလမ်းမဘေး၌ အောက်တိုဘာ ၂၁ ရက်တွင် ရဲတပ်ဖွဲ့ဝင်များသည် မီးသွေးအိတ်များ တင်ဆောင်၍ ရပ်တန့်ထားသော မူဟာမတ်ဟာရော မောင်းနှင်သည့် KYN/6A-xxxx ဟိုင်းလပ် ယာဉ်အား စစ်ဆေးရာ မီးသွေး ၅၅ အိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၁,၉၁၁,၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ပြီး စစ်မေးရာ အနောက် ရပ်ကွက်၊ ဘူးသီးတောင် မြို့နေသူ မာမတ် အီစ္စလာမ်၏ ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် မာမတ်အီစ္စလာမ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်ရှိ မီးသွေး ၁၃ အိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၉၇၅,၀၀၀ ပြားနှင့် ငွေကျပ် ၃ သိန်းတို့အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း WY စိတ်ကြွဆေးပြား ၂,၈၈၆,၀၀၀ ပြား(တန်ဖိုး ၁ ပြား လျှင် ၂၀၀၀ ကျပ် နှုန်းဖြင့် တန်ဖိုး ကျပ် ၅၇,၇၂၀ သိန်း) တို့အား သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။

ထိုကြောင့် မူဟာမတ်ဟာရော (ဖမ်းမိ)အား မမစ(ဘူးသီးတောင်)မယ(ပ) ၁၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် လည်းကောင်း၊ မာမတ်အီစ္စလာမ်(ဖမ်းမိ)အား မယ(ပ) ၁၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် လည်းကောင်း အမှုရေးဖွင့်၍ ကွင်းဆက်တရားခံ(၄)ဦးထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိပြီး ဥပဒေ အရ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.