Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် လုံခြုံရေးအခြေအနေ ယခင်ထက် ထိန်းသိမ်းနိုင်သော အနေအထားရှိဟု တပ်မတော်ဆို


ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ အချိန်တော်ကြာဖြစ်ပွားခဲ့ပြီး လက်ရှိ လုံခြုံရေးအခြေအနေသည် ယခင်ထက် ထိန်းသိမ်းနိုင်သော အနေအထားရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

တပ်မတော်နှင့် AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့သည် ၂၀၁၅ ခုနှစ်မှ စတင်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လအတွင်း ထိတွေ့မှုအဖြစ်များခဲ့ကြောင်း၊ ယခုလပိုင်းအတွင်း တပ်မတော်နှင့် AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုမရှိသလောက်ဖြစ်ကာ တိုက်ပွဲဖြစ်မှု လျော့ကျလာ ကြောင်း၎င်းက ဆိုသည်။

နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ယနေ့ တပ်မတော်သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် (ဆင်ဟွာ)

တပ်မတော်စစ်ရေယာဉ်ကို ဒေသခံအယောင်ဆောင် ငါးဖမ်းပိုက်ချ ထောင်ချောက်ဆင်ကာ ရှော့တိုက်ဒုံးနှင့် ပစ်ခတ်ခြင်းသည် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေပြီး၊ နောင် စစ်ဆင်ရေး လုပ်သည့်အခါတွင် စဉ်းစားသုံးသပ်ရမည် ဖြစ်၍ ဒေသခံပြည်သူများ၏ အကျိုးနစ်နာမှုတွေရှိလာကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ရည်မှန်းချက်အနေဖြင့် (၃)ကြိမ်တိုင် အပစ်အခတ်ရပ်စဲမှုအားသက်တမ်းတိုးပေးခဲ့မှုဖြင့် သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် တိုင်းရင်းသားများနှင့် ပြည်သူများ လိုက်ပါဆောင်ရွက်ရန် လိုကြောင်း၊ ပြည်သူများလိုက်ပါပြီး အင်တိုက်အားတိုက် တိုက်တွန်းမှ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးရရှိရေးသည် NCA လမ်းကြောင်းကသွားခြင်းက အကောင်းဆုံးဖြစ်ကြောင်း၊ အဆိုပါ လမ်းကြောင်းအတိုင်းက သွားရန် စစ်ရေးအရမဖြေရှင်းဘဲ နိုင်ငံရေးအရ ဖြေရှင်းရန် မူဘောင်များ ရေးဆွဲထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ဆိုသည်။

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် တပ်မတော်နှင့် အစိုးရ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အလားတူ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ဤလမ်းကြောင်းပေါ်တွင် ယုံယုံကြည်ကြည်ဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးအနေဖြင့်လည်း ပြင်သင့်ပြင်ထိုက်သော အချက်များကို ဥပဒေတိုင်း ပြင်ဆင်ဆောင်ရွက်ရန်တပ်မတော်ကသဘောတူပြီးဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.