Politics, Law & Military
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စံပြငါးဈေးတွင် ယာဉ်ကြောကြပ်တည်းမှုပြဿနာများအား ဖြေရှင်းဆောင်ရွက်နိုင်ရန်ဆွေးနွေး
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စံပြငါးဈေးတွင် ကုန်တင်ကုန်ချအလုပ်သမားပြဿနာများနှင့် ယာဉ်ကြောကြပ်တည်းမှု ပြဿနာများအား ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀း၀၀) နာရီမှ နေ့လယ်(၁၂း၂၀)နာရီအချိန်ထိ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီမှ ကြည့်မြင်တိုင်မြို့နယ်၊ စံပြငါးဈေးတွင် ကုန်တင်ကုန်ချအလုပ်သမားပြဿနာများနှင့် ယာဉ်ကြောကြပ်တည်းမှု ပြဿနာများအား ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ပုလဲခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၎င်းဆွေးနွေးပွဲတွင် ကြည့်မြင်တိုင်မြို့နယ်၊ စံပြငါးဈေးတွင် ကုန်တင်ကုန်ချအလုပ်သမားပြဿနာများနှင့် ယာဉ်ကြောကြပ်တည်းမှု ပြဿနာများနှင့် ပတ်သက်၍ လက်ရှိအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးမှ သတင်းထုတ်ပြန်သည်။ (Xinhua)