Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၂,၃၄၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၂,၃၄၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၄ ရက်နေ့ ၁၆း၁၀နာရီ အချိန် မိုးမောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက် မြို့နယ်၊ စိန်လုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မာကွမ်း မောင်းနှင်ပြီး ဒေါ်ဂေါ့လိုလုဂျန် နှင့် ဒေါ်စီစီဒွဲဘူတို့ လိုက်ပါ လာသည့် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်၏ နောက်ဖုံးအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၉,၈၀၀ ပြား၊ ဆပ်ပြာခွက် ၉၄ ခွက်ဖြင့်ထည့်လျက် (စုစုပေါင်း ဘိန်းဖြူအလေးချိန် ၉၄၀ ဂရမ်)၊ မြန်မာငွေ ၅၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မာကွမ်း(၄၅)နှစ်၊ ဒေါ်ဂေါ့လိုလုဂျန် (၆၁)နှစ်၊ ဒေါ်စီစီဒွဲဘူ(၅၆)နှစ်တို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.