Politics, Law & Military
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ဦးဖြိုးမင်းသိန်းအား အတည်ပြု ခန့်အပ်

ရန်ကုန် ၊ မတ် ၂၈ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က တိုင်းဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်ရန် ရွေးချယ်ထားသူများ၏ အမည်စာရင်းများအနက် ရန်ကုန်တိုင်းဒေသကြီးအတွက် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် ဦးဖြိုးမင်းသိန်းအား ယနေ့မတ် ၂၈ ရက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏ သဘောဆန္ဒ ရယူပြီး အတည်ပြု ခန့်အပ်ကြောင်း ကြေညာခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည့် ဦးဖြိုးမင်းသိန်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု၍ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူ တစ်ဦး ဖြစ်သည်။
ယနေ့မတ် ၂၈ ရက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တက်ရောက်သူ လွှတ်တော် ကိုယ်စားလှယ် ၁၂၀ ဦး ရှိပြီး ခွင့်ယူထားသူ ၃ ဦး ရှိသည်။ (Xinhua)