Connect with us

Politics, Law & Military

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး (National Reconciliation) အား မဖြစ်မနေ လုပ်ဆောင်သွားရန်လိုအပ်ကြောင်း ကာချုပ်ပြော

၇၁နှစ်မြောက် တပ်မတော်နေ့အခမ်းအနား ၌တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ဖွဲ့များအားလှည့်လည် စစ်ဆေးစဉ်(ဆင်ဟွာ)

ရန်ကုန်၊မတ်၂၇ရက်(ဆင်ဟွာ)

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး (National Reconciliation) အား မဖြစ်မနေ လုပ်ဆောင်သွားရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နေပြည်တော်တွင် ပြုလုပ်သည့် ၇၁ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခပပျောက်ရေးအတွက် နိုင်ငံတော်အစိုးရမှ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ရက်နေ့မှ စတင်၍ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးအား ခိုင်ခိုင်မာမာတည်ဆောက်နိုင်ရန် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ၆ချက် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၎င်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၆ခုနှစ် မတ်လ ၂၇ရက်နေ့တွင်ကျင်းပသော ၇၁နှစ်မြောက် တပ်မတော်နေ့အခမ်းအနား ၌တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

၂၀၁၆ခုနှစ် မတ်လ ၂၇ရက်နေ့တွင်ကျင်းပသော ၇၁နှစ်မြောက် တပ်မတော်နေ့အခမ်းအနား ၌တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တပ်မတော် တပ်ရင်းတပ်ဖွဲ့များက ချီတက်အလေးပြုစဉ်(ဆင်ဟွာ)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ လက်နက်ကိုင်ပဋိပက္ခရှိနေတဲ့တို့နိုင်ငံအနေနဲ့ ဒီမိုကရေစီစနစ်ကို တည်တည်ငြိမ်ငြိမ်သွားနိုင်ရန်အတွက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကို အတတ်နိုင်ဆုံးလိုက်လျော လုပ်ဆောင်နေခြင်းဖြစ်တယ်’’ ဟုပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အားလက်မှတ်ရေးထိုးနိုင်ရန် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် အဖွဲ့အစည်းများကိုလည်း တပ်မတော်အနေဖြင့် လက်ကမ်းကြိုဆိုလျှက်ရှိကြောင်း ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပဲ “ NCA ရဲ့အဆက်ဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကတိကဝတ်များ နဲ့အညီ ဆက်လက်ကျင်းပပြုလုပ်ပေးခဲ့တယ်။ ဆက်ပြီးလည်းညှိနှိုင်းဆွေးနွေးသွားမယ်။ ထာဝရငြိမ်းချမ်းရေးရရှိအောင် နိုင်ငံတကာစံနှုန်းများ နဲ့အညီ DDR၊ SSR လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရေးအတွက် တပ်မတော်က ပါဝင်ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်’’ ဟုပြောသည်။

၎င်းကထာဝရငြိမ်းချမ်းရေးအား ဖော်ဆောင်သည့်နေရာတွင် ငြိမ်းချမ်းရေး အမှန်တကယ်ရယူရန် ဆန္ဒရှိဖို့ လိုအပ်ကြောင်း၊ စစ်မှန်သည့်ပြည်ထောင်စုစိတ်ဓာတ် နှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ငြိမ်းချမ်းသည့် နိုင်ငံရေးလမ်းကြောင်း နှင့် လျှောက်လှမ်းသွားလိုသည့် စိတ်ရှိလျှင် ထာဝရငြိမ်းချမ်းရေး မလွဲမသွေရရှိမည်ဖြစ်ကြောင်းဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.