Connect with us

Politics, Law & Military

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းဘေး ဝဲ-ယာ၌ ကျူးကျော်ဆောက်လုပ်နေထိုင်သော လူနေဈေးဆိုင် ၂၉ ဆိုင် ဖယ်ရှားပြီးစီး

အမြန်လမ်းတွင် ကြံရည် နှင့် အကြော်စုံရောင်းသည့် ဆိုင်တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းဘေး ဝဲ-ယာ၌ ကျူးကျော်ဆောက်လုပ်နေထိုင်သော လူနေဈေးဆိုင်(၅၁)ဆိုင်ရှိသည့်အနက် (၂၉)ဆိုင်မှာ ရှင်းလင်းဖယ်ရှားပြီးဖြစ်ကာ ကျန်(၂၂)ဆိုင်အား အမြန်လမ်းမကြီး၊ လမ်းဦးစီးဌာနမှ ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ-ယာတွင် တရားမဝင် လူနေ ဈေးဆိုင်များ ဆောက်လုပ်နေထိုင်ရောင်းချနေမှုကြောင့် မလိုလားအပ်သည့် ပြဿနာများဖြစ်ပွားလာနိုင် ကြောင်း၊အမြန်လမ်းမကြီးအား အသုံးပြု၍သွားလာနေသည့် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံရေး အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.