Connect with us

Politics, Law & Military

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်(၂၃၇၉)စီး ဖမ်းဆီးအရေးယူ

အမြန်လမ်းမကြီးတွင် ပညာပေးမှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ--အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှူးရုံး)

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်(၂၃၇၉)စီး ဖမ်းဆီးအရေးယူခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့ ည ၆ နာရီမှ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေးအမြန်လမ်း(၂၀၁)မိုင် နေပြည်တော်တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယာဉ်(၁၇)စီး၊ ဖြူးမြို့နယ် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ်(၁၆)စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ်(၉)စီး၊ စုစုပေါင်း(၄၂)စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.