Connect with us

Politics, Law & Military

MIC မှာ မှတ်ပုံတင်ထားသည့် ရင်းနှီးမြှုပ်နှံသူအားလုံး အခွန်ကင်းလွတ်ခွင့် ရမည်

ပြည်သူ့  လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် အစည်းအဝေးခန်းမသို့  ကြွရောက်လာစဉ်။

နေပြည်တော်၊ မတ်လ ၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)တွင် မှတ်ပုံတင်ထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် အားလုံး အခွန်ကင်းလွတ်ခွင့် တစ်ပြေးညီ ရရှိမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။

“ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှာ အခွန်ကင်းလွတ်ခွင့် (corporate tax exemption) နဲ့ပတ်သက်ပြီးတော့ ခွဲခြားထားတာ မရှိပါဘူး၊ corporate tax exemption လိုချင်ရင် MIC မှာ မှတ်ပုံလာတင်ပါ၊ မှတ်ပုံတင် ထားရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေရော ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွေရော tax rate ကို အကုန်လုံး တစ်ပြေးညီ သတ်မှတ်ပြီး corporate tax exemption များလည်း အားလုံး တစ်ပြေးညီရရှိမှာ ဖြစ်ပါ တယ်” ဟု ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်၏ “BOT (Build, Operate and Transfer) စနစ်ဖြင့် မြေငှားယမ်းပြီး ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံခြား ကုမ္ပဏီများနှင့် ပတ်သက်၍ နောင်တစ်ချိန်တွင် ဝယ်ယူသူ/ အငှားချ ထားသူများ မနစ်နာစေရေးအတွက် ရှင်းလင်း ညွှန်ပြပေးရန်အစီအစဉ် ရှိ မရှိ” ဟူသည့် မေးခွန်းကို ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

မင်းကင်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့် မေးမြန်းနေစဉ်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင် ဖြေကြားနေစဉ်။

“ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာ နိုင်ငံခြားသားကို သတ်မှတ်တဲ့ tax နဲ့ပြည်တွင်း လုပ်ငန်းရှင်ကို သတ်မှတ် တဲ့ Tax က အတူတူပါပဲ၊ နိုင်ငံခြား ကုမ္ပဏီအနေနဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှာ မှတ်ပုံ တင် ပြီး ဆောင်ရွက်နိုင်သလို MIC ပြင်ပမှာ လည်း ဆောင်ရွက်လို့ရပါတယ်၊ MIC ဥပဒေအရ နိုင်ငံ တော်ရဲ့ မြေ၊ သို့မဟုတ် အဆောက်အအုံကို အသုံးချမယ်ဆိုရင်တော့ MIC မှာ register လုပ်ရပါ မယ်၊ ရင်းနှီး မြှုပ်နှံမှုက အမေရိကန် ဒေါ်လာ သန်း တစ်ရာကျော်တယ် ဆိုရင်လည်း MIC မှာ မဖြစ် မနေ register လုပ်ရပါမယ်၊ ဒီအချက်တွေနဲ့ အကျုံး မဝင်ရင် MIC မှာ register လုပ်ဖို့ မလိုပါဘူး၊ MIC registration မရှိလို့ ရှိရင်တော့ MIC Act တွေက ဒီလုပ်ငန်းနဲ့ အကျုံးမဝင်ပါဘူး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကလည်း MIC မှာ register မလုပ် ထားရင် corporate tax နဲ့ပတ်သက်တဲ့ ကင်းလွတ် ခွင့် (exemption), ဒါမှမဟုတ် incentive ကို လုံး၀ ရမှာ မဟုတ်ပါဘူး၊ အဲဒီလိုပဲ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေကလည်း MIC မှာ register လုပ်မယ် ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ နည်း တူ corporate tax exemption ကို ရရှိမှာ ဖြစ်ပါ တယ်၊ MIC ရဲ့ ပြင်ပမှာ ဆောင်ရွက်မယ် ဆိုရင် တော့ exemption ရမှာ မဟုတ်ပါဘူး” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

အကယ်၍ ယခင်ကာလများက အခွန်ဆောင်ရမည့် အချက်များကို ပျက်ကွက်ခဲ့သည် ဆိုလျှင် ပြန် လည်ပေးဆောင်ပြီး ဆောင်ရွက်၍့ရနိုင်သော နည်းလမ်းများ ရှိကြောင်း၊ BOT လုပ်ငန်းတစ်ခုသည် သာမန် infrastructure တည်ဆောက်မှု မဟုတ်ဘဲ အိမ်ယာ တည်ဆောက်မှု ဖြစ်ခဲ့လျှင် BOT လုပ်ငန်း သက်တမ်းကုန်ဆုံး၍ လွှဲပြောင်းသည့်အခါမှာ ၎င်းအိမ်ယာ အခန်းများ ဝယ်ယူနေထိုင်သူများ နှင့် ပတ်သက်ပြီး မည်သို့ ဆက်လက် ဆောင်ရွက်မည် ဟူသော အချက်ကို BOT စာချုပ်များမှာ ထည့်သွင်း ချုပ်ဆိုနိုင်ကြောင်း၊ ထည့်သွင်း ချုပ်ဆိုမှု မရှိခဲ့လျှင် သက်တမ်းကုန်ဆုံးချိန်မှာ စာချုပ်ပါ အတိုင်း အစိုးရသို့ လွှဲပြောင်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ထိုစာချုပ်တွင် ထည့်သွင်းထားမှု မရှိ သည့် အတွက် ဝယ်ယူသူ အငှားချထားသူများ မနစ်နာစေရန် ထိုစာချုပ်များကို ပြန်လည် ပြင်ဆင်နိုင် ရေးအား အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ PPP Center နှင့် PPP Unit များက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ PPP Center ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန မှာ ၂၀၁၈ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ PPP ကို ထိရောက်စွာ ဆောင်ရွက် နိုင်ဖို့ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အစိုးရ အဖွဲ့အစည်းများ အနေဖြင့် PPP ယူနစ် တစ်ခုကို ၎င်းတို့ ဌာနအလိုက် ဖွဲ့စည်းနိုင်၊ တာဝန်ယူ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ BOT ဖြင့် လုပ်ကိုင်ကြသော ပြည်ပ ကုမ္ပဏီများနှင့်ပတ်သက်ပြီး ဝယ်ယူသူ အငှားချထား သူများအား မနစ်နာစေ ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် PPP Center နှင့် PPP Unit တို့ ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ် ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.