Connect with us

Politics, Law & Military

ရသေ့တောင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများ နှင့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင်ငွေကျပ်သိန်းပေါင်း ၁၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

မတ် ၂၃ ရက်နေ့ ၀၁း၂၀ နာရီ အချိန် တပ်မတော်(ရေ)မှ ဗိုလ်မှူး ချစ်ကိုကို ဦးစီး စစ်ရေယာဉ် အမှတ် (၅၅၄)သည် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာ၊ အနောက်တောင်ဘက် ၃ မိုင် ခန့်အကွာ ပင်လယ်ပြင်တွင် အရှေ့မှအနောက်မြောက်သို့ ခုတ်မောင်းသွားသော စက်လှေတစ်စီးအား လိုက်လံဖမ်းဆီးရာ မေယုကျွန်းအနောက်ဘက် ၂၁ မိုင်ခန့်အကွာတွင် မာမွတ်အီနို ပါ (၅)ဦးအား စက်လှေနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စက်လှေပေါ်ရှိ ဆာလာအိတ်(၅) အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် မာမွတ်အီနို(၂၈)နှစ်၊ မာမွန်ရိုရှီ(၄၁)နှစ်၊ မာမွတ်အာမီး (၂၅) နှစ်၊ ဟော်ဘီ(၇၂)နှစ်၊အာရှုလော့(၂၅)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.