Connect with us

Politics, Law & Military

ရန်ကုန်မြို့တိုင်းဒေသကြီးတွင် အများသုံးသန့်စင်ခန်းများကို အခမဲ့အသုံးပြုနိုင်ရန်နှင့် လုံခြုံရေးအတွက်ပါ ထည့်သွင်းစဉ်းစားထားကြောင်း မြို့တော်ဝန်ပြောကြား

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး မှ ပြန်လည်ဖြေကြားနေစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီ၏ ဝင်ငွေပေါ်မူတည်၍ အများသုံးသန့်စင်ခန်းများကို အခမဲ့အသုံးပြုနိုင်ရန်နှင့် လုံခြုံရေးအတွက်ပါ ထည့်သွင်းစဉ်းစားထားကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဌမပုံမှန် အစည်းအဝေး(၁၇)ရက်မြောက်နေ့ကို ယနေ့နံနက်၁၀နာရီက ကျင်းပခဲ့ရာ ပန်းပဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ၊ ဈေးများ၊ ဆေးရုံများနှင့် အများသုံးသန့်စင်ခန်းများ ပိုမိုကောင်းမွန်သပ်ရပ်စွာ တည်ဆောက်ပေးပြီး အခမဲ့သုံးစွဲခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြို့တော်ဝန်က ပြန်လည်ဖြေကြားရာတွင် “ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီရဲ့ ဝင်ငွေတိုးတက်ရရှိလာတဲ့ အခါ အများသုံးသန့်စင်ခန်းတွေကို အခမဲ့အသုံးပြုဖို့ အစီအစဉ်ရှိပါတယ်။ သို့သော်လည်း အခမဲ့အသုံးပြုတဲ့အခါ အခမဲ့တင်မကပါဘူး။ လုံခြုံရေးအတွက်ပါ စဉ်းစားရမယ့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားထားပါကြောင်း လေးစားစွာ ဖြေကြားအပ်ပါတယ်။ ပုဂ္ဂလိကတွေ ဖွင့်လှစ်ထားတဲ့ Shopping Mall ၊Super Market နဲ့ အစိုးရ၊ ပုဂ္ဂလိကဆေးရုံတွေမှာလည်း အများသုံးသန့်စင်ခန်းတွေကိုလည်း အခမဲ့အသုံးပြုခွင့် ပေးထားပါတယ်။ တော်တော်များများကတော့ အစိုးရပိုင်းဆိုင်ရာဆေးရုံတွေရယ်၊ ပုဂ္ဂလိကပိုင်းဆိုင်ရာ Shopping Mall နဲ့ Super Market တွေမှာ သန့်စင်ခန်းတွေကို အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်။ တချို့သော BOT သက်တမ်းကာလပြည့် သန့်စင်ခန်းတွေကိုတော့ စည်ပင်သာယာရေးကော်မတီသို့ လေလံထည့်သွင်းပြီး ဆောင်ရွက်နေပါတယ်။ ပွဲလမ်းသဘင်တွေမှာတော့ YCDC အနေနဲ့ Mobile Toliet တွေကို အခကြေးငွေမယူဘဲ ချထားပေးပါတယ်။ ’’ ဟု ပြောသည်။

လတ်တလောတွင် သန့်စင်ခန်းအပြင် သန့်စင်ခန်းနှင့်ပတ်သက်သည့် အများပြည်သူလုံခြုံရေးအတွက်လည်း ဂရုစိုက်ရသည့်အပိုင်းများပါ ရှိသည့်အတွက်ကြောင့် အဖက်ဖက်ကကြည့်၍ အခကြေးငွေ ယူရခြင်းဖြစ်ပြီး ဝန်ဆောင်မှုအတွက် တည်ဆောက်မှုကုန်ကျစရိတ်များ၊ ပြုပြင်ထိန်းသိမ်းမှုစရိတ်များ ၊ရေပုတ်စုပ်ခ၊ ဝန်ထမ်းစရိတ်နှင့် လူမှုရေးလုပ်ငန်းများအတွက် ဆောင်ရွက်သူက အဖိုးအခကျခံပေးရသည့်အတွက် အခကြေးငွေနှင့် ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း ဆက်လက်ပြောသည်။

“ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဌာနအလိုက်စခန်းတွေမှာ ဖွင့်လှစ်ထားတဲ့ အများသုံးသန့်စင်ခန်းတွေကိုလည်း တိုက်ရိုက်ကြပ်မတ်ဆောင်ရွက် ရပါတယ်။ ဒီအများသုံးသန့်စင်ခန်း အများစုဟာ နေစရာအနေအထား လုပ်ငန်းသတ်မှတ်ချက်ပေါ်မှာ အဆင့်ဆင့်စစ်ဆေးအတည်ပြုပြီးတော့ လုပ်ငန်းဆောင်ရွက်ချင်သူတွေက အလုံးစုံရင်းနှီးမြုပ်နှံမှုနဲ့ ဆောင်ရွက်တာတွေ၊ နောက်သန့်စင်ခန်းရဲ့ တည်နေရာတွေ၊ သန့်စင်ခန်းက လူတွေဝင်ရောက်အသုံးပြုတဲ့အခါကျတော့ ဝင်ငွေပေါ်မူတည်ပြီးတော့ BOT စနစ်နဲ့ သတ်မှတ်ခွင့်ပြုတာပဲ ဖြစ်ပါတယ်။ လမ်းမကြီးပေါ်မှာရှိတဲ့ BOT လောက်ပဲ ယူထားတာ ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကွပ်ကဲမှုအောက်မှာရှိတဲ့ အများပြည်သူသုံးသန့်စင်ခန်းတွေကိုတော့ အခမဲ့သုံးစွဲခွင့် ပြုနိုင်ဖို့အတွက် ဒီသန့်စင်ခန်းတွေရဲ့ ပြုပြင်ထိန်းသိမ်းစရိတ်တွေ၊ ရေပုပ်စုပ်ခတွေ၊ ဝန်ထမ်းစရိတ်တွေ ကျခံဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ဒီစရိတ်တွေအတွက် လောလောဆယ်တော့ ဘက်ဂျက်ကနေ စိုက်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း လူစည်ကားတဲ့နေရာတွေနဲ့ လမ်းမကြီးတွေမှာ ပြည်သူတွေ အသုံးပြုနိုင်ဖို့အတွက် BOT လေလံစနစ်နဲ့ အများပြည်သူသုံး အဆင့်မြင့်သန့်စင်ခန်းတွေ ဖွင့်လှစ်ပြီးတော့ သန့်စင်ခန်းအသုံးပြုခ ကောက်ခံဆောင်ရွက်နေပါတယ်။ လမ်းမပေါ်မှာရှိတဲ့ အဆင့်မြင့်သန့်စင်ခန်းတွေကို ကောက်ယူတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စေတီပုထိုးတွေ၊ ဈေးတွေ၊ ဆေးရုံတွေက အများသုံးသန့်စင်ခန်းတွေကို အခမဲ့ပေးပြီး တချို့ကဝင်ကြေးကောက်ခံ အသုံးပြုတာကိုလည်း တွေ့ရှိရပြီးတော့ စေတီပုထိုးတွေနဲ့ ဈေးတွေ၊ ဆေးရုံတွေဟာ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းအလိုက်ရပ်တည် ဆောင်ရွက်လျှက်ရှိပြီးတော့ သန့်စင်ခန်းကောက်ခံတာကို သူတို့အစီအစဉ်နဲ့ပဲ လုပ်တာကို တွေရှိပါတယ်။’’ဟု မြို့တော်ဝန်က ပြောသည်။

ပန်းပဲတန်းမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသန်းနိုင်ဦးက တချို့မြို့နယ်များ၏ ဆေးရုံဝန်းအတွင်းနှင့် ဈေးများတွင် အခပေးပြီး ကျန်းမာရေးကိစ္စများကို ဖြေရှင်းသော်လည်း လုံလောက်သည့် သန့်ရှင်းမှုမရှိခြင်းကို တွေ့ရပြီး မြို့လယ်ကောင်တွင် သန့်ရှင်းမှုမရှိခြင်းကြောင့် အများပြည်သူ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ဒုက္ခအခက်အခဲများစွာ ကြုံတွေ့နေရခြင်းတို့ကြောင့် မေးမြန်းရခြင်းဖြစ်ကြောင်း ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.