Connect with us

Politics, Law & Military

ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီဝင် ကိုယ်စားလှယ်လောင်းများ ဥပဒေ စည်းမျဉ်း ကျင့်ဝတ်များနှင့်အညီ ယှဉ်ပြိုင်ကြရန် ပါတီဥက္ကဌ သူရ ဦးရွှေမန်း ညွှန်ကြား

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီဥက္ကဌ သူရ ဦးရွှေမန်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ယခုနှစ် နိုဝင်ဘာတွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) သည် တရားမျှတစွာနှင့် သန့်ရှင်းစွာ အောင်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ စည်းမျဉ်း/စည်းကမ်းများ ၊ နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အတွက် ကျင့်ဝတ်များ (Code of Conduct for Political Parties and Candidates) နှင့် အညီ ပြိုင်ဆိုင်ကြရမည်ဟု ပါတီဥက္ကဌ သူရ ဦးရွှေမန်း က ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ သူရ ဦးရွှေမန်း သည် ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီ နယ်မြေရှိ ပါတီဌာနချုပ်၌ ပါတီ ဗဟိုကော်မတီဝင်များ ၊ ပါတီ အလုပ်အမှုဆောင်များ ၊ ခရိုင်/ မြို့နယ် ပါတီ အတွင်းရေးမှူးများနှင့် တွေ့ဆုံခဲ့ရာတွင် ယင်းသို့ပြောကြားခဲ့ကြောင်း တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလ ၈ ရက်တွင် လွတ်လပ်ပြီး တရားမျှတသော အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေငြာမှုကို ကြိုဆို ဂုဏ်ပြုကြောင်း ၊ ပါတီ၏ မူဝါဒမှာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များသည် တည်ကြည်ဖြောင့်မတ်ပြီး စိတ်ရင်း စေတနာ ကောင်းမွန်သော၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်သော၊ အများအကျိုး ဆောင်ရွက်လိုသော သူများကိုသာ ရွေးချယ် တာဝန် ပေးအပ်သွားမည် ဖြစ်သည်။ ပါတီ ကိုယ်စားပြုသူများသည် ဥပဒေများ ၊ စည်းမျဉ်းကျင့်ဝတ်များနှင့်အညီ ယှဉ်ပြိုင်ပြီး ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရာတွင် တတပ်တအား ပါဝင်ကြရန် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံအနှံတွင် မဲဆန္ဒနယ်ပေါင်း ၁,၁၇၁ နယ်မြေအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ် ထုတ်ပြန်ထားပြီး ပြည်ခိုင်ဖြိုးပါတီမှ နေရာပြည့်နီးပါး ဝင်ရောက် ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.