Connect with us

Politics, Law & Military

နိုင်ငံ အတွင်းရှိ လမ်းမကြီးများကို အာဆီယံ လမ်းအဆင့်အတန်းများနှင့် အညီ နယ်နိမိတ် သတ်မှတ်

ရန်ကုန်မြို့ လယ်ရှိ ပန်းဆိုးတန်း လမ်း (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံသည် World Road Association အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး အာဆီယံ နိုင်ငံများ နည်းတူ လမ်းအဆင့်အတန်းများ ပြည့်မီအောင် ဆောင်ရွက်လျှက် ရှိသည့်အတွက် လမ်းနယ်နိမိတ်များအား ASIAN , ASEAN & GSM နိုင်ငံများ၏ လမ်းအဆင့်အတန်းများနှင့်အညီ သတ်မှတ် ဆောင်ရွက်သွားမည်ဟု သိရသည်။

နိုင်ငံအတွင်းရှိ အမြန်လမ်းမကြီး ( ၄ လမ်းသွားနှင့် အထက်) ကို လမ်း နယ်နိမိတ်အကျယ် ပေ ၄၀၀ (၁၂၂ မီတာ) ၊ အထူး သတ်မှတ်လမ်းများ (၄ လမ်းသွားနှင့် အထက်) ကို လမ်းနယ်နိမိတ် အကျယ် ပေ ၃၀၀ ( ၉၁ . ၄၄ မီတာ) ၊ နိုင်ငံတကာ ဆက်သွယ်ရေး လမ်းမကြီး (၄ လမ်းသွားအထိ) ကို လမ်းနယ်နိမိတ် အကျယ် ပေ ၂၃၀ (၇၀ မီတာ) ၊ ပြည်ထောင်စု လမ်းမကြီး (၄ လမ်းသွားအထိ) ကို လမ်းနယ်နိမိတ် အကျယ် ပေ ၁၅၀ (၄၅ . ၇၅ မီတာ) ၊ တိုင်းဒေသကြီး / ပြည်နယ်များ ဆက်သွယ်သည့်လမ်း ( ၂ လမ်းသွားမှ ၄ လမ်းသွားအထိ ) ကို လမ်း နယ်နိမိတ်အကျယ် ပေ ၁၅၀ (၄၅ . ၇၅ မီတာ) ၊ ခရိုင် / မြို့နယ်များ ဆက်သွယ်သည့်လမ်း (၂ လမ်းသွား) ကို လမ်း နယ်နိမိတ်အကျယ် ပေ ၁၅၀ (၄၅ . ၇၅ မီတာ) ၊ မြို့နယ်-ကျေးရွာများ ဆက်သွယ်သည့် လမ်း (၁ လမ်းသွား) ကို လမ်း နယ်နိမိတ်အကျယ် ပေ ၁၀၀ (၃၀ . ၅ မီတာ) အထိ အသီးသီး သတ်မှတ် ဆောင်ရွက် သွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်း သတ်မှတ်ထားသော လမ်း နယ်နိမိတ်များအတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် မရရှိဘဲ ကျူးကျော်ဆောင်ရွက်မှု တစ်ရပ်ရပ်ကို ကျူးလွန်ပါက အမြန်လမ်းမကြီး ဥပဒေနှင့် လမ်းမကြီးများ ဥပဒေအရ အရေးယူခြင်း ခံရမည် ဖြစ်သည်။

သို့သော် မူလ ပေ ၁၀၀ အကျယ်ရှိသော မြို့တွင်း ၊ ရွာတွင်းလမ်းများအတွက် မူလတည်ရှိသော မြို ့/ရွာ လမ်းမဘေး နေအိမ် ဝန်းခြံများအား အရေးယူခြင်း မပြုဘဲ လမ်းမကြီးများ ဥပဒေ ပြင်ဆင်ချက် ဥပဒေ အသစ်အား ပြင်ဆင် ထုတ်ပြန်ခဲ့သည့် ၂၀၁၄ ခုနစ် ဇူလိုင်လ ၂၄ ရက် နောက်ပိုင်း ကျုးကျော် ဆောက်လုပ်လာသော အဆောက်အဦးများကိုသာ လမ်းမကြီးများ ဥပဒေအရ အရေးယူသွားမည်ဟု သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117