Connect with us

Politics, Law & Military

ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပူးတွဲကျင်းပမည်ဟု ပြည်ထောင်စု လွှတ်တော် နာယကဆို

ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက လွှတ်တော်အတွင်း အတည်ပြုခဲ့သည် အခြေခံဥပဒေ ပုဒ်မ ၅၉(ဃ) ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို နိုဝင်ဘာလ၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲနှင့် ပူးတွဲပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ဇူလိုင်လ ၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

အဆိုပါ ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ပူးတွဲကျင်းပခြင်းသည် ဘဏ္ဍာငွေ ကုန်ကျမှုလည်း သက်သာ နိုင်ခြင်းကြောင့် ဖြစ်ပြီး ယင်းကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အကြောင်းကြား သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူရမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ ပုဒ်မ ၅၉ (ဃ) ပြဌာန်းချက်သည် နိုင်ငံတော်သမ္မတမှာ ကာကွယ်ရေး အမြင်ရှိရမည် ဆိုသည့် အချက် ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆(က) ၊ ပုဒ်မ ၄၃၆ (ခ)၊ ပုဒ်မ ၄၁၈ (ခ)၊ ပုဒ်မ ၆၀ (ဂ)၊ ပုဒ်မ ၅၉ (စ) နှင့် ၅၉ (ဃ) ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ် ခဲ့ရာ ပုဒ်မ ၅၉ (ဃ ) မှ လွဲ၍ ကျန်ပုဒ်မများသည် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိသဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အရေးနိမ့်ခဲ့ရသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ (ခ) နှင့်စပ်လျဉ်းပြီး ယနေ့ လွှတ်တော် ကိုယ်စားလှယ်၂၉ ဦး ဆွေးနွေးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.