Connect with us

Politics, Law & Military

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နောက်ဆက်တွဲ ဇယား (၁) နှင့် (၂) ပါ ဥပဒေများကို ပြန်လည် ပြင်ဆင် ရေးဆွဲနေကြောင်း နိုင်ငံတော် သမ္မတမှ ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာပေးပို့


ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ပြည်နယ် အစိုးရ အဖွဲ့များနှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့အကြား အာဏာ၊ အခွန်နှင့် အရင်းအမြစ် ခွဲဝေရေး ဆိုင်ရာ ပြဌာန်းချက်များ ပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နောက်ဆက်တွဲ ဇယား (၁) နှင့် (၂) ပါ ဥပဒေများကို ပြန်လည် ပြင်ဆင် ရေးဆွဲ နေပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတမှ ၆၇ ရက်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော သဝဏ်လွှာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသော ဇယား(၁) နှင့် ဇယား (၂) ဥပဒေပြု စာရင်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး (သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ အတွက် အာဏာခွဲဝေခြင်း၊ သယံဇာတ ခွဲဝေခြင်းနှင့် အခွန်အခ ခွဲဝေခြင်းတို့ ပီပြင်စွာ ဖြစ်ပေါ်စေရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ဇယား (၁) နှင့် ဇယား (၂) လေ့လာ သုံးသပ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း ပါရှိသည်။

တိုင်းဒေသကြီး/ ပြည်နယ် များမှ အကြံပြုချက်များ ရယူပြီး လက်တွေ့ အကျိုးရှိစွာ အသုံးပြု နိုင်ရန်အတွက် ပြင်ဆင်ရန် အချက်များကို ဝန်ကြီးဌာန အလိုက် တည်ဆဲ ဥပဒေများကို ပြင်ဆင် ပြဋ္ဌာန်းခြင်း၊ အသစ်ရေးဆွဲ ပြဋ္ဌာန်းခြင်း၊ နည်းဥပဒေများ ပြဋ္ဌာန်းခြင်းနှင့် အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ရန် ညှိနှိုင်း ရရှိခဲ့ပါကြောင်း နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ရေးသားထားသည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျင်းပနေပုံ မြင်ကွင်း (ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉၆ ၊ ဇယား (၁) ရှိ ကဏ္ဍ (၁၁) ရပ်ပါ အကြောင်းအရာများမှ အချို့ကိစ္စရပ်များကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်သို့ လုပ်ပိုင်ခွင့်များ ခွဲဝေပေးနိုင်ရေးအတွက် တည်ဆဲ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဥပဒေအသစ်များ ပြဋ္ဌာန်းနိုင်ရေး အတွက် ဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း ယင်း ဥပဒေကြမ်းများကို ဥပဒေပြဋ္ဌာန်းနိုင်ရေး အတွက် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက် ပေးပို့သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “ လွှတ်တော်မှာလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ကိုယ်စားလှယ်တွေက အသေးစိတ် ဆွေးနွေးကြပါတယ်။ သမ္မတဘက်ကလည်း အခြေခံ ဥပဒေ နောက်ဆက်တွဲ ဇယား (၁) နှင့် (၂) ပါ ဥပဒေများကို ပြန်လည်ပြင်ဆင် ရေးဆွဲ နေပြီဖြစ်ကြောင်းလို့ သဝဏ်လွှာ ပေးပို့တာ ကောင်းတဲ့ အလားအလာပါ’’ ဟု ဆင်ဟွာကို ပြောသည်။

နိုင်ငံတော် သမ္မတက ပေးပို့ခဲ့သည့် သဝဏ်လွှာကို ပြည်ထောင်စု လွှတ်တော် နာယကမှ ၆၇ ရက်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များကို အသိပေး အကြောင်းကြားခဲ့ပြီး လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးနေသည့် ပုဒ်မ ၄၃၆ ပုဒ်မခွဲ (ခ) အတွက် လာမည့် အပတ်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ကြောင်း ဦးခိုင်မောင်ရည်က ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117