Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ကျင်းပမည့်ရက် ရွှေ့ဆိုင်းရေး ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ ဆွေးနွေး

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ဇူလိုင်လ အတွင်းက သတင်းမီဒီယာ သမားများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ယခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက် ရွှေ့ဆိုင်းရေးနှင့် ပတ်သက်ပြီး နေပြည်တော်တွင် နိုင်ငံရေး ပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ် မှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ဗဟို ကော်မတီ အစည်းအဝေး ခေါ်ယူကာ သဘာဝ ဘေးအန္တရာယ်များကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ပြောဆိုခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန်ကိုမူ ဆုံးဖြတ်ချက် မချခဲ့ကြောင်း ၎င်းကဆိုသည်။

ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းမည့် ဆွေးနွေးမှုကို တက်ရောက်ခဲ့သည့် ပါတီများအနက် NLD ပါတီ တစ်ခုတည်းက ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည်ကို ကန့်ကွက်ခဲ့ကြောင်း ဦးဝင်းထိန်က ပြောသည်။

ယင်း ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီ များကို ခေါ်ယူကာ ရေကြီး၊ မြေပြိုမှု များနှင့် သဘာဝ ဘေးအန္တရာယ် များကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန်နှင့် မကြာခင် တရားဝင် ထုတ်ပြန်မည့် အကြောင်းကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယနေ့အစည်း အဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညှိနှိုင်း ဆွေးနွေးပွဲသို့ ဖိတ်ကြားခဲ့သည့် နိုင်ငံရေးပါတီ ၁၀ ပါတီအနက် ခြောက်ပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီ၊ NDF၊ ရခိုင် အမျိုးသား ပါတီ နှင့် မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ တက်ရောက် ခဲ့ကြခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.