Connect with us

Politics, Law & Military

ရွေးကောက်ပွဲကို မြို့နယ် ၃၄ ခုရှိ ကျေးရွာအုပ်စု လေးရာကျော်၌ ကျင်းပနိုင်မည် မဟုတ်ဟု ကော်မရှင် ထုတ်ပြန်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရွေးကောက်ပွဲများ ကျင်းပခြင်း မပြုမည့် နယ်မြေများ စာရင်း ကြေငြာချက် (ဓာတ်ပုံ-UEC website)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို မြို့နယ် ၃၄ မြို့နယ်ရှိ ကျေးရွာအုပ်စု လေးရာကျော်၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန်အ ခြေအနေ မရှိသဖြင့် ကျင်းပနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာသည်။

ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ ခု၊ ကရင်ပြည်နယ်ရှိ မြို့နယ် ၇ ခု၊ မွန်ပြည်နယ်ရှိမြို့နယ် ၁ ခု၊ ရှမ်းပြည်နယ်ရှိ မြို့နယ် ၁၃ ခုနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂ ခု ၊ စုစုပေါင်းမြို့နယ် ၃၄ ခုရှိ ကျေးရွာ အုပ်စုများတွင် နိုဝင်ဘာ ၈ ရက်၌ ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း ကော်မရှင် ကြေညာချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် မချမ်းဘောမြို့နယ်မှ ကျေးရွာအုပ်စု ၁၅ စု၊ ဆွမ်ပရာဘွမ်မြို့နယ်မှ ကျေးရွာအုပ်စု ၃၁ စု၊ ခေါင်လန်ဖူး မြို့နယ်မှ ကျေးရွာအုပ်စု နှစ်စု၊ ဝိုင်းမော် မြို့နယ်မှ ကျေးရွာ အုပ်စု ၁၆ စု၊ ချီဖွေမြို့နယ်မှ ကျေးရွာ အုပ်စု ၉ စု၊ ဆော့လော်မြို့နယ်မှ ကျေးရွာအုပ်စု ၈ စု၊ အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာအုပ်စု ၆၁ စု၊ တနိုင်းမြို့နယ်မှ ကျေးရွာအုပ်စု ၉ စု၊ မိုးမောက်မြို့နယ်မှ ကျေးရွာအုပ်စု ၂၇ စု၊ မံစီမြို့နယ်မှ ကျေးရွာအုပ်စု ၂၃ စုနှင့် ရွှေကူမြို့နယ်မှ ကျေးရွာအုပ်စု ၁၀ စုတို့တွင် ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်ပြည်နယ် အတွင်း၌ ဖားအံမြို့နယ်မှ ကျေးရွာအုပ်စု တစ်စု၊ လှိုင်းဘွဲ့မြို့နယ်မှ ကျေးရွာ အုပ်စု ရှစ်စု၊ သံတောင်ကြီး မြို့နယ်မှ ကျေးရွာ အုပ်စု ကိုးစု၊ ကော့က ရိတ်မြို့နယ်မှ ကျေးရွာ အုပ်စု ခုနစ်စု၊ ကြာအင်း ဆိပ်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု ၃၈ စု၊ မြဝတီ မြို့နယ်မှ ကျေးရွာ အုပ်စု ခြောက်စုနှင့် ဖာပွန်မြို့နယ်မှ ကျေးရွာအုပ်စု ၂၅ အုပ်စုတို့တွင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၌ ကျောက်ကြီးမြို့နယ်မှ ကျေးရွာ အုပ်စု ၁၂ စုနှင့် ရွှေကျင်မြို့နယ် မှ ကျေးရွာအုပ်စု ၂၉ စုနှင့် ရှမ်းပြည်နယ်၌ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတွင် ပါဝင်သော ပန်ဆန်း (ပန်ခမ်း) မြို့နယ်၊ ပန်ဝိုင် မြို့နယ်၊ မိုင်းမော မြို့နယ်၊ နားဖန်း မြို့နယ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းလားမြို့နယ် ငါးခုလုံးတွင်လည်း ရွေးကောက်ပွဲ ကျင်းပပေးမည် မဟုတ်ကြောင်း ထုတ်ပြန် လိုက်သည်။

အစိုးရ တပ်မတော်နှင့် ကိုးကန့်တပ်မတော်တို့ တိုက်ပွဲများ ပြင်းထန်ပြီး စစ်အုပ်ချုပ်ရေး ကြေညာထားသည့် လောက်ကိုင်မြို့သည် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် စာရင်းတွင် ပါဝင်ခြင်း မရှိပါ။ (Xinhua)