Connect with us

Politics, Law & Military

ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများကို ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခြိမ်းခြောက်မှုများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတရုံးထုတ်ပြန်

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူတစ်ဦးမှ မဲထည့်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ယခုအချိန်တွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများအား ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ အသွင်အမျိုးမျိုးဖြင့် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြု၍ စည်းရုံးခြင်း၊ ဆူပူမှုဖြစ်အောင် ဖန်တီးခြင်း၊ ရပ်ရွာအေးချမ်းသာယာရေးပျက်ပြားအောင် ကြံဆောင်ခြင်း စသည့်တရားမဲ့ပြုကျင့်မှုများအား တွေ့ရှိရကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ယင်းတို့၏ လက်အောက်ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တရားဥပဒေစိုးမိုးရေးကို အဓိကထားပြီး တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတရုံးက ယနေ့အမိန့်ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန် သံန္နိဌာန်ချပြီးဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်နိုင်ရန်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ဖြတ်သန်းကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေပါပြဌာန်းချက်တို့ ကိုလိုက်နာကြရန်လိုအပ်ကြောင်း၊ လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေပါ ပြဌာန်းချက်များနှင့် အညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.