Connect with us

Politics, Law & Military

ရွှေ့ပြောင်း အမျိုးသမီးလုပ်သားများ ကာကွယ်စောင့်ရှောက်ရေး အလေးထား ဆောင်ရွက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

အမျိုးသမီး ပြောင်းရွှေ့လုပ်သားများသည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိက အခန်း ကဏ္ဍတွင် ပါဝင် ဆောင်ရွက်နေသူများ ဖြစ်သော်လည်း ထိခိုက် နစ်နာလွယ်သူများ ဖြစ်သောကြောင့် ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ပေးဖို့ အလေးထား ဆောင်ရွက်သွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ယနေ့ နံနက် ပြောကြားခဲ့သည်။

“အမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားများအတွက် သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်များ ရရှိ ခံစားဖို့၊ အလုပ်သမား အခွင့်အရေးများ အပြည့်အ၀ ရရှိဖို့၊ လူမှု ကာကွယ်စောင့်ရှောက်မှုများ ရရှိစေဖို့၊ ကျန်းမာရေး ေစောင့်ရှောက်မှုတွေ ရရှိခံစားဖို့ အလေးထား ဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်” ဟု နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့ ကျင်းပသော ‘Safe & Fair :_ အာဆီယံ ဒေသတွင်း အမျိုးသမီး ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးနှင့် အခွင့်အလမ်းများ တိုးတက် ရရှိစေရေး ဆွေးနွေး ညှိနှိုင်းပွဲ’ ၌ အမြဲတမ်း အတွင်းဝန်က ပြောခဲ့ခြင်း ဖြစ်သည်။

လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ စန်းစန်းအေးက ရှင်းလင်း တင်ပြစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံအမတ်ကြီး Mr. Kristian Schmidt အမှာစကားပြောကြားစဉ်( ဆင်ဟွာ)

UN Women Myanmar Head of Office(ai) Ms. Smriti Aryal အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ILO Myanmar ဆက်သွယ်ညှိနှိုင်းရေး အရာရှိ Mr. Rory Mungovenအမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

Safe & Fair စီမံကိန်းသည် ရွှေ့ပြောင်း လုပ်သား စီမံခန့်ခွဲမှုဆိုင်ရာ မူဘောင်များဖြင့် အမျိုးသမီး ရွှေ့ပြောင်း လုပ်သားများ အကြမ်းဖက် ခံရမှုနှင့် လူကုန်ကူးခံရမှုများ လျော့နည်းပြီး အရည်အသွေး ပြည့်ဝသော ဝန်ဆောင်မှုအတွက် အကျိုးခံစားခွင့် ရရှိဖို့၊ အမျိုးသမီးများ၏ ပါဝင် ဆောင်ရွက်မှုနှင့် အခွင့်အရေး ဆိုင်ရာ အချက်အလက် ၊ အသိပညာ ဗဟုသုတနှင့် သဘောထားများ တိုးတက် လာစေရေး စသည့် ရည်မှန်းချက်များဖြင့် ဆောင်ရွက်မည့် စီမံကိန်း ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီး ရွှေ့ပြောင်း လုပ်သားများ၏ သတင်း အချက်အလက်များ ကောက်ယူခြင်း၊အကျိုး ခံစားခွင့်များ ရရှိစေဖို့ ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ခြင်းများ ပြုလုပ်နိုင်ရန် လက်ခံနိုင်ငံ (ရွှေ့ပြောင်း လုပ်သား ဆိုက်ရောက်နိုင်ငံ) ၏ အစိုးရ၊ လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် လျက် ၇ှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

“ အခု ဆောင်ရွက်မယ့် စီမံကိန်းဟာ အမျိုးသမီးများအတွက် ဘေးကင်း လုံခြုံပြီး သင့်တင့်မျှတတဲ့ လုပ်သား ရွှေ့ပြောင်းသွားလာမှု ခိုင်မာ အားကောင်းစေမယ့် ကျား / မ သာတူညီမျှမှု နဲ့ အခွင့်အရေး အခြေပြု ဥပဒေမျျား ပြဌာန်းရေးကတော့ အချိန်ယူရေးဆွဲဖို့ လိုပါတယ်၊ တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးထုကို လွှမ်ူခြုံနိုင်ဖို့ကိုလည်း ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်” ဟုလည်း အမြဲတမ်း အတွင်းဝန်က ပြောခဲ့သည်။

နှစ်ရက်တာ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထဲရေး၊ ကျန်းမာ ရေး၊ လူမှုဖူလုံရေး နှင့် တရားရေးဌာနများမှ အစိုးရ အရာရှိကြီးများ၊ ILO, UNW နှင့် UNODC တို့မှ အရာရှိကြီးများ၊ အလုပ်ရှင် အလုပ်သမား အဖွဲ့အစည်းများမှ အကြီးတန်း ကိုယ်စားလှယ်များ တက် ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂအဖွဲ့၊ UN Women Myanmar နှင့်် ILO Myanmar တို့မှ အရာရှိကြီးများက အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီး ဆွေးနွေးပွဲကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.