Politics, Law & Military
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံး မြို့နယ်၌ ငွေကျပ် ၃၉,၆ဝဝ,ဝဝဝ တန်ဖိုးရှိ ဘိန်းဖြူမှုန့်များ သိမ်းဆည်းရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံး မြို့နယ်၌ ငွေကျပ် ၃၉,၆ဝဝ,ဝဝဝ တန်ဖိုးရှိ ဘိန်းဖြူမှုန့်၂,၆၄ဝ ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒီဇင်ဘာ ၁၅ ရက် ညနေ ၃ နာရီခန့်တွင် ဟိုပုံးမြို့နယ် လွိုင်လင်-တောင်ကြီးသွားကားလမ်း မိုင်တိုင်အမှတ်(၁၄၄/၃) လွယ်ဝိုးတုတ်ကျေးရွာအနီး၌ မိုင်းရှူးမြို့မှ တောင်ကြီး မြို့သို့ ယာဉ်မောင်း ဇော်လင်းထိုက် မောင်းနှင်သည့်FF/—–ပရိုဘောက် ရှမ်းတံခွန်ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာမှ ထိုသို့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်အရ ယာဉ်ပေါ်ပါ ခရီးသည် မပန်းဝါ ဝမ်လွိုင်ကျေးရွာ မိုင်းရှူးမြို့နေသူ၏ ခရီးဆောင်အိတ် နှစ်အိတ် အတွင်းမှ ဆပ်ပြာခွက် ၂၂ဝ ဖြင့် ထည့်ထားသည့် ဘိန်းဖြူမှုန့် ၂၆၄ဝ ဂရမ် (ကာလတန်ဖိုးငွေကျပ် ၃၉,၆ဝဝ,ဝဝဝ) အား သိမ်းဆည်းရမိခဲ့သဖြင့် ဟိုပုံး မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)