Politics, Law & Military
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးချက်လုပ်ရာ တွင် အသုံးပြုသည့် အက်စီတုန်း ၂၅၆၀ လီတာ နှင့်အတူထိန်းချုပ်ဓာတုပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ အောက်တိုလာ ၁၅ ရက်နေ့တွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ရှမ်းပြည်နယ် ကွတ်ခိုင် မြို့နယ်၊ ပန်ဟိုးကျေးရွာအနီးတောထဲတွင် မြေကြီးအတွင်း မြှုပ်နှံထားသည့် မူးယစ်ဆေးဝါးချက်လုပ်ရာ တွင် အသုံးပြုသည့် အက်စီတုန်း ၂၅၆၀ လီတာ၊ ဟိုက်ဒြိုကလိုရစ်အက်စစ် ၄၂၀ လီတာ ၊လွိုက်ဇော ၁၆၈၀ လီတာ၊ အီသိုင်းအီသာ ၁၂၁၆ လီတာ၊ ဆာလ်ဖျူရစ်အက်ဆစ် ၁၂၈လီတာတို့ကို သိမ်း ဆည်းရမိသဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)