Connect with us

Politics, Law & Military

ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၂,ဝဝဝ ကျော် နှင့် ပြည်တွင်းအလုပ်နေရာ ၂၁,ဝဝဝ ကျော်အား စက်တင်ဘာလ အတွင်း ခန့်ထားနိုင်ခဲ့ဟုဆို

အထည်ချုပ် စက်ရုံတွင် လုပ်ကိုင်နေကြသူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၂,ဝဝဝ ကျော် နှင့် ပြည်တွင်းအလုပ်နေရာ ၂၁,ဝဝဝ ကျော် အား စက်တင်ဘာလ အတွင်း ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှုအနေဖြင့် မလေးရှားနိုင်ငံသို့ ၃၃၄ဝ၊ စင်ကာပူနိုင်ငံသို့ ၁၆ ဦး၊ ကိုရီးယား နိုင်ငံသို့ ၄၆၅ ဦး ၊ ထိုင်းနိုင်ငံသို့ ၁၈,၅၄၃ ဦး၊ ဂျပန်နိုင်ငံသို့ ၃၆၉ ဦး၊ ယူအေအီးသို့ ကိုးဦး၊ ကာတာနိုင်ငံသို့ လေးဦး ၊ ဂျော်ဒန်နိုင်ငံသို့ ၁၇ ဦး စုစုပေါင်း ၂၂,၇၆၃ ဦးကို စက်တင်ဘာလအတွင်း အလုပ်အကိုင်ရရှိရန် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ် ရရှိမှု အနေဖြင့် အစိုးရအလုပ်အကိုင် ၅၃၅ ဦး၊ ပုဂ္ဂလိကအလုပ်အကိုင် ၂ဝ,၅၄၈ ဦး စုစုပေါင်း ၂၁,ဝ၈၃ ဦးကို အလုပ် အကိုင် ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော် ကောင်းမွန် သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ် ထားရှိရန် အလုပ် အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် အွန်လိုင်းမှ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ် အကိုင် အခွင့်အလမ်းများပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ် အကိုင် များ ရှာဖွေပေး ခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.