Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၈,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့ အားစိတ်ကြွရူးသွပ်ဆေးပြားများနှင့် အတူတွေ့ရစဉ်(ဓာတ်ပုံ--မူးယစ်ဆေးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၈,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေလ ၉ ရက်နေ့ ၀၅းဝဝ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပင်လောင်းမြို့၊ ရင်းမှီးရပ်ကွက်၊ ပင်လောင်း-နေပြည်တော်သွားလမ်းဆုံတွင် ကျေးသီးမြို့နယ်၊ ပန်းစယ်ရွာမကျေးရွာနေ စိုင်းနော်မိန်း ၂၇ နှစ် မောင်းနှင်ပြီး မိုင်းရှုးမြို့နယ်၊ ပန်လော့ကျေးရွာနေ မနန်းဖွေးစံ ၂၂ နှစ်စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀,၀၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၀၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ပင်လောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.