Politics, Law & Military
ရှမ်းပြည်နယ်၌ ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပ မည့် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။
ပင်လုံမြို့၌ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် ကျင်းပမည့် (၇၀) ကြိမ်မြောက် ပြည်ထောင်စု နေ့ အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့အနေဖြင့် တက်ရောက်မည်ဖြစ်သည်။
အဆိုပါ ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်တွင် သမ္မတအိမ်တော်၌ အ ခမ်းအနားပြုလုပ်မည် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကိုလည်း ဆက်လက်ပြုလုပ် မည်ဖြစ်သည်။(Xinhua)