Connect with us

Politics, Law & Military

ရီမုမိုင်း ၇လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် တစ်ဦးသေ၊ ၇ဦး ဒဏ်ရာရရှိ

ရီမုမိုင်း ၇လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသော ခရီးသည်တင် ကားအားတွေ့ရစဉ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ကြူပန်းကျေးရွာ အနီးတွင် ယနေ့ ဇန်နဝါရီ ၂၀ရက်နေ့ နံနက် ၉နာရီခန့်က ရီမုမိုင်း ၇လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် တစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

မန်တုံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လားရှိုးမြို့သို့ သွားရောက်ရန်အတွက် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ဝန်ထမ်းများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် မန်တုံမြို့မှ အရပ်ယာဉ်များဖြင့် ထွက်ခွာလာရာ ကြူပန်းကျေးရွာ အနီးသို့အရောက်၌ TNLAလက်နက်ကိုင်အဖွဲ့က ရီမုမိုင်း ၇ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ် နှစ်စီး မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ ဒေသခံပြည်သူ တစ် ဦး သေဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် ဒေသခံပြည်သူ တစ်ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.