Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၌ ငွေကျပ် ၂၄၆၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ်(CCDAC Myanmar)

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မဘိမ်းမြို့နယ်၌ အောက်တိုဘာလ ၂၈ ရက်တွင် ငွေကျပ် ၂၄၆၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မဘိမ်း-ငါးအိုးသွားကားလမ်းမပေါ်တွင် ပိတ်ဆို့စစ်ဆေးရေးဆောင်ရွက်စဉ် မဘိမ်းမြို့နယ်ဘက်မှ ငါးအိုးကျေးရွာ ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ရှေ့ခွကြားအတွင်းရှိ ပီနံအိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂,၄၆၀ သိန်း)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုအား မဘိမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.