Connect with us

Politics, Law & Military

လာမည့် ရွေးကောက်ပွဲတွင် ရန်ကုန် တိုင်းဒေသကြီး အတွင်း အထူးရဲ တပ်ဖွဲ့ဝင် ၅,၅၁၀ ဦး ခန့််အပ် တာဝန်ပေး

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦး အား နေပြည်တော်ရှိ MICC ရှေ့တွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ရန်ကုန် တိုင်းဒေသကြီး အတွင်း အထူးရဲ တပ်ဖွဲ့ဝင် ၅,၅၁၀ ဦး ခန့်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ Media Team မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရသိရသည်။

ရန်ကုန် တိုင်းဒေသကြီးအတွင်း အထူးရဲ ၅,၅၁၀ ဦးကို အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့တွင် ၁,၆၈၆ ဦး၊ အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့တွင် ၅၅၂ ဦး၊ တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့တွင် ၁,၇၂၀ ဦး၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့တွင် ၁,၅၅၂ ဦးဖြင့် နေရာခွဲကာ တာဝန် ချထားမည် ဖြစ်ကြောင်း သိရသည်။

အထူးရဲများကို အောက်တိုဘာ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့ အထိ တာဝန်ပေးမည် ဖြစ်ပြီး၊ အဆိုပါ ရဲတပ်သားသစ်များ ရွေးချယ်ရာတွင် ချမှတ်ထားသော သတ်မှတ်ချက်များ အတိုင်း ရွေးချယ်မည့် အပြင် အနက်ရောင် မဟုတ်သည့် ဆံပင်အရောင်မျိုး ရှိသူများ၊ ဆေးမင်ကြောင် ရှိသူများကို ရွေးချယ်မှု မပြုဘဲ ကန့်သတ် ထားကြောင်း သိရသည်။

အထူးရဲများကို လစာ ၁၂၀,၀၀၀ ကျပ်၊ ရိက္ခာအတွက် တစ်ရက် လျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ် ပေးထားပြီး ရဲလက်စွဲ ဥပဒေ များနှင့်အညီ ကွပ်ကဲ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ တပ်ဖွဲ့ဝင် ဝတ်စုံ ထုတ်ပေး၍ အောက်တိုဘာ ၂၀ ရက်မှ ၃၀ ရက် အထိ သင်တန်းပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် အထူးရဲများ၏ လုပ်ငန်း တာဝန်၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ် ဖွယ်ရာများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ အမျိုးသား လွှတ်တော် ဥပဒေနှင့် နည်းဥပဒေ၊ ပြည်သူ့ လွှတ်တော် နည်းဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဥပဒေ၊ နည်းဥပဒေ၊ လွှတ်တော် ကိုယ်စားလှယ် လောင်းများ၊ ပါတီများ အကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီများ၏ ကျင့်ဝတ်၊ သတင်း မီဒီယာ ဥပဒေနှင့် ကျင့်ဝတ်များ၊ သတင်း မီဒီယာသမားများ အတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်များ၊ လူ့အခွင့်အရေး သတင်းနှင့် ထောက်လှမ်း ရေးစသည့် သင်ခန်းစာများကို ပို့ချသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.