Connect with us

Politics, Law & Military

အထွေထွေ ရွေးကောက်ပွဲကြီးအား မူလ သတ်မှတ် ထားသည့် ရက် အတိုင်း ပုံမှန် ကျင်းပ သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန် (ဓာတ်ပုံ- MOI)

ရန်ကုန် ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ဗဟို ကော်မတီ အစည်းအဝေး (၂/၂၀၁၅) အား အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ နှင့် အဖွဲ့ဝင်များ ၊ ဗဟို ကော်မတီဝင် နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ ၊ ဝန်ကြီးဌာန မှ ဌာန ဆိုင်ရာ အကြီးအကဲများ တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသ ကြီး နှင့် ပြည်နယ် အချို့၌ ဖြစ်ပွားနေသော ရေကြီး နှစ်မြှုပ်မှု သဘာဝ ဘေး အန္တာရယ် များ ၊ နယ်မြေ အေးချမ်းမှု အပေါ် မူတည်၍ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှု အခြေအနေ ၊ မဲဆန္ဒရှင် များ အဆင်ပြေစွာ မဲပေးနိုင်မှု အခြေအနေ များအပေါ် သုံးသပ်၍ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို ရက်အနည်းငယ် ရွေးဆိုင်းရန် သင့်/မသင့် ကော်မတီ အဖွဲ့ဝင်များ၏ သဘောထားကို တင်ပြကြရန် ဆွေးနွေး ခဲ့ပါသည် ။

ကော်မတီ အဖွဲ့ဝင် များ၏ တင်ပြချက်များ အရ ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်း လိုက်ပါက ဖြစ်ပေါ်လာ နိုင်သည့် အကျိုးအပြစ် များကို လေ့လာ သုံးသပ်၍ ရက်ရွှေ့ဆိုင်းခြင်း မပြုတော့ဘဲ မူလ သတ်မှတ်ထားသည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင်ပင် အထွေထွေ ရွေးကောက်ပွဲ များ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ကော်မရှင် ၏ ဆုံးဖြတ်ချက်အား အတည်ပြု ထုတ်ပြန် အသိပေး အပ်ကြောင်း ထုတ်ပြန် ခဲ့သည်။ (Xinhua)