Politics, Law & Military
လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာများ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်လွှတ်တော်အမတ်တို့ ဆွေးနွေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာကိစ္စများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နှင့် ဗြိတိန်လွှတ်တော်အမတ် Ms. Rushanara Ali MPတို့ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်တွင် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)