Connect with us

Politics, Law & Military

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးကို မတ်လအတွင်းသာ ကျင်းပမည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC )အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအ ဝေးကို ယခုနှစ် မတ်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ပြောကြားသည်။

၂၁ ရာစုပင်လုံညီလာခံကိုယခင်က ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ မတ်လဆန်းထိ ကျင်းပရန် စီစဉ်ထားသော်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများကျင်းပရန် ကျန်ရှိနေမှုများကြောင့် မတ်လ ပထမပတ်သော်လည်း ဒုတိယပတ်သော်လည်း ကောင်း ၌သာကျင်းပသွားမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။ “ ပင်လုံကိုရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတာ မဟုတ်ပါဘူး၊ ဖေဖော်ဝါရီလထဲမှာ အမျိုးသားအဆင့့််နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ့်ရက်တွေ RCSS က ပွဲလုပ်မှာတွေရှိတယ်၊ အဲဒီဆွေးနွေးပွဲတွေက အချက် အလက်တွေကိုညီလာခံမှာတင်ပြမှာဆိုတော့ ရက်တွေကပ်လာတဲ့ဲ့အတွက် ပင်လုံကို မတ်လမှာ မဖြစ်မနေကျင်း ပသွားမှာပါ”ဟု ဦးဇော်ဌေးက ပြောသည်။

လက်ရှိ ညီလာခံ ကိုယ်စားလှယ်များနှင့် ပတ်သက်ပြီး နိုင်ငံရေး ဆွေးနွေးမှုတွင် ပါဝင်ထားသည့်အတိုင်း ညီလာခံ ကိုယ်စားလှယ် ဦးရေ ၇၀၀ ဦးနှင့် ကျင်းပနိုင် ရေး သဘောတူထားကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးးချုပ် ဦးဇော်ဌေးက ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သောပြည်ထောင်စုငြိမ်းချမ်း ရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC ) အစည်းအဝေးအတွင်း သတင်းမီဒီယာများ ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။၂၁ရာစုပင်လုံညီလာခံ ပထမအကြိမ် ပင်လုံညီလာခံ အစည်းအဝေးကို ၂၀၁၆ခုနှစ် သြဂုတ် ၃၁ရက်နေ့မှ စက်တင်ဘာ ၃ရက်နေ့ထိ ကျင်းပခဲ့ပြီးစက်တင်ဘာ ၁ရက် တွင် ကိုယ်စားလှယ် ၃၃ဦး၊ စက်တင်ဘာ ၂ရက်တွင် ကိုယ်စားလှယ် ၃၃ဦးနှင့် စက်တင်ဘာ ၃ ရက်တွင် ကိုယ်စားလှယ် ၁၀ဦး တို့မှ ၎င်းတို့၏သဘောထားအမြင် များကို တင်ပြဆွေးနွေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.