Connect with us

Politics, Law & Military

လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေကြမ်းကို လွှတ်တော်သို့တင်ရန် ဆောင်ရွက်နေပြီဟု ဆို

ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော်မြင်ကွင်းအားတွေ့ ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း (Rights to Recall bill) အား ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကော်မရှင်ကိုယ်စား ဖြေကြားခဲ့သည်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်များနှင့် ပူးပေါင်း၍ လွှတ် တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လွှတ်တော်က အတည်ပြုပြဌာန်း ပြီးပါက ၎င်း ဥပဒေနှင့် အညီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်” ဟု ၎င်းက ပြောခဲ့သည်။

ပျော်ဘွယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး၏ “လွှတ်တော် ကိုယ်စား လှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဌာန်းပေးရန် အစီအစဉ် ရှိ မရှိ သိလိုခြင်း” ဟူသည့် ကြယ်ပွင့်ပြ မေးခွန်းအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်ဖြေကြားရာ တွင် ကော်မရှင် အဖွဲ့ဝင်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အခန်း (၉)၊ ပုဒ်မ ၃၉၆ နှင့် ၃၉၇ တို့အရ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းအတွက် လိုအပ်သော ဥပဒေများ ပြဌာန်းရမည်ဖြစ်သောကြောင့် ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လိုအပ်သည့် ဥပဒေကြမ်း ရေးဆွဲပြီး ပထမ အကြိမ် ပြည် ထောင်စု လွှတ်တော် သက်တမ်းကာလအတွင်း ၂၀၁၂ သြဂုတ်လ ၈ ရက်တွင် တစ်ကြိမ်၊ ၂၀၁၅ သြဂုတ်လ ၁၃ ရက်တွင် တစ်ကြိမ် ပြည်ထောင်စု လွှတ်တော် နာယကထံ ပေးပို့ခဲ့ကြောင်း၊ အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များကလည်း ဆွေးနွေးခဲ့ကြကြောင်း ကော်မရှင် အဖွဲ့ဝင်က ရှင်းပြခဲ့သည်။

“ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၆ (ခ) မှာ ပြဌာန်းထား တဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များအနက် တစ်ရာခိုင်နှုန်းက လက်မှတ်ရေးထိုး၍ ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းရမည် ဟူသည့် ပြဌာန်းချက်ပါ တစ်ရာခိုင်နှုန်းအစား နိုင်ငံ အသီးသီးတွင် မဲဆန္ဒရှင်၏ ရှစ်ရာခိုင်နှုန်း၊ တစ်ဆယ် ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းနှင့် မဲဆန္ဒရှင်၏ သုံးပုံ တစ်ပုံ အင်အား ရှိမှသာ ပြန်လည် ရုပ်သိမ်းခွင့် ပြဌာန်းထားပါကြောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှု မရရှိဘဲ ဆိုင်းငံ့ထားရန် အဆို တင်သွင်းခဲ့ရာ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော်က သဘောတူ အတည်ပြုခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ပြည်သူများအနေဖြင့် မိမိတို့လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်ပေးမှုကို နှစ်ကြိမ် ရရှိခဲ့ပြီး ဖြစ်သော်လည်း မိမိတို့ရွေးချယ်ထားသည့် ပြည်သူ့ကိုယ်စားလှယ် တစ်ဦးဦးက သတ်မှတ် အရည်အချင်း အကျင့် သိက္ခာ ပျက်ပြားပြီး ဥပဒေချိုးဖောက်မှု ရှိလာပါက ယင်း ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့် ယနေ့အထိ မရရှိသေးသောကြောင့် ယခုကဲ့သို့ ကြယ်ပွင့်ပြ မေးခွန်းဖြင့် မေးမြန်းရခြင်း ဖြစ်ပါကြောင်း ပျော်ဘွယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.