Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးအတွက် တိကျပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား


နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ယခု အစည်းအဝေးသည် ငြိမ်းချမ်းရေးအတွက် တိုးတက်မှုဖြစ်စေမည့် ခြေလှမ်း တချို့ကို တိတိ ကျကျ ပြတ်ပြတ် သားသား လှမ်းဖို့ ဆုံးဖြတ်ချက်များ ချပြီဟူသည့် အဆင့်မျိုး ဖြစ်စေလိုသည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့ နံနက်တွင် ကျင်းပသည့် UPDJC ၏ (၉) ကြိမ်မြောက် အစည်းအဝေး အဖွင့် မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

“အခု ဒီအစည်းအဝေးထဲမှာဆိုရင် အင်မတန်မှ အရေးကြီးတဲ့ကိစ္စတွေ ဆက်ပြီးတော့ ဆွေးနွေးရ ပါလိမ့်မယ်။ ဆွေးနွေးတဲ့အခါမှာ အားလုံးက အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ ဆွေးနွေးပေးကြပါ လို့ ကျွန်မတို့အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ကျွန်မတို့ ဒီအစည်း အဝေးပြီးလို့ရှိရင် အခု အစည်းအဝေး စတဲ့ အချိန်နဲ့ အစည်းအဝေးပြီးသွားတဲ့ အချိန်တွေကြားထဲမှာ ကျွန်မတို့ကငြိမ်းချမ်းရေး အတွက် တိုးတက်မှုဖြစ်စေမယ့် ခြေလှမ်းတချို့ကို တိတိကျကျ ပြတ်ပြတ်သားသား လှမ်းဖို့ ဆုံးဖြတ် ချက်တွေ ချပြီဆိုတဲ့ အဆင့်မျိုးကို ဖြစ်စေချင်ပါတယ် ” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၏ (၉) ကြိမ်မြောက် အစည်း အဝေး ကျင်းပနေစဉ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၏ (၉) ကြိမ်မြောက် အစည်း အဝေး ကျင်းပနေစဉ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၏ (၉) ကြိမ်မြောက် အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့် မိန့်ခွန်း ပြောကြားစဉ်။

ထို့အပြင် ၎င်းက “ငါတို့ဘက်က ဒီကနေ ဘယ်လောက်လောက်ရအောင် ယူလိုက်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ချဉ်းကပ်လို့ မဖြစ်ပါဘူး။ အားလုံးကတော့ ယူချင်ကြတာပဲ။ ဒါပေမဲ့ ပထမ ပေးကြည့်ပါ။

ပေးကြည့်တော့မှ ပေးတဲ့အခါမှာ ပေးရကျိုး မနပ်ဘူးလား နပ်သလားဆိုတာ ကိုယ့်ဘာသာ ကိုယ် မြင်ရပါလိမ့်မယ်။ ကျွန်မတို့ရဲ့ အတွေ့အကြုံအရတော့ ပေးရကျိုးနပ်ပါတယ်။ တကယ် စေတနာနဲ့ ပေးလို့ရှိရင် ပေးရကျိုးနပ်ပါတယ်။ ကိုယ်တစ်ခုခုကို ပြန်လိုချင်လို့ ပေးရင်တော့ ကိုယ်မျှော်မှန်းသလို ဖြစ်ချင်မှ ဖြစ်မှာပေါ့။ အဲဒီလိုဆိုလို့ရှိရင် ပေးရကျိုး မနပ်ဘူးလို့ စိတ်ထဲမှာ ဖြစ်မှာပေါ့ ” ဟု ဆက်လက် ပြောကြားခဲ့သည်။

UPDJC သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အဓိက ကျသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ နိုင်ငံ တည်ငြိမ်ရေး၊ တိုးတက်ရေးနှင့် ပြည်သူများ စိတ်လုံခြုံရေး၊ ကိုယ် လုံခြုံရေးတို့အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်သည် အလွန် အရေးကြီးပါကြောင်း၊ ယခု အစည်းအဝေးသည် တစ်စုတစ်ဖွဲ့တည်းအတွက် ပြုလုပ်နေခြင်း မဟုတ်ဘဲ၊ အစုအဖွဲ့အားလုံးအတွက် ၊ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

“ကျွန်မတို့လုပ်နေတာဟာ တစ်စု တစ်ဖွဲ့အတွက် လုပ်နေတာမဟုတ်ပါဘူး။ ဒီမှာ အစုအဖွဲ့တွေ အများကြီး ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ရောက်နေပါတယ်။ ကျွန်မက ဒီမှာ လုပ်နေတာ ကျွန်မက NLD အတွက် လည်း လုပ်နေတာမဟုတ်ဘူး။ အစိုးရ အတွက်လည်း လုပ်နေတာ မဟုတ် ပါဘူး။ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့အတွက် ကျွန်မ လုပ်နေတာပါ ” ဟု ဆိုသည်။

ယနေ့ အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဖဒို စောကွယ်ထူးဝင်းနှင့် ဦးသုဝေတို့ကလည်း အမှာစကားများ အသီးသီး ပြော ကြားခဲ့ ကြပြီး UPDJC (၈) ကြိမ်မြောက် အစည်းအဝေး၏ ဆုံးဖြတ်ချက်များ အပေါ် အကောင် အထည် ဖော်မှု အခြေအနေများကို ရှင်းလင်း တင်ပြခြင်း၊ အတွင်းရေးမှူးအဖွဲ့၏ ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြပြီး အတည်ပြုချက် ရယူခဲ့ကြကြောင်း၊ ဆက်လက်၍ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ ဆောင်ရွက်ပြီးစီးသည့် ကိစ္စရပ်များနှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ဒုတိယ အစည်းအဝေး ကျင်းပရန် ရက် သတ်မှတ်ခြင်း၊ တက်ရောက်မည့် ကိုယ်စား လှယ်များနှင့် အခြေခံ မူများ ဖော်ထုတ်ရေး စသည့် ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117