Politics, Law & Military
လှိုင်သာယာမြို့နယ်၌ ဗုံးသီးဟောင်း(၄)လုံး တွေ့ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
လှိုင်သာယာ မြို့နယ်၊ (၄)ရပ်ကွက်ရှိ SMI ဆောက် လုပ်ရေး ဝင်းအနီး လှိုင်မြစ်ကမ်းစပ်၌ ဗုံးသီးဟောင်း(၄)လုံး တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
လှိုင်သာယာ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် စက်တင် ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က လှိုင်သာယာ မြို့နယ်၊ (၄)ရပ်ကွက်ရှိ SMI ဆောက် လုပ်ရေး ဝင်းအနီး လှိုင်မြစ်ကမ်းစပ်၌ အရှည် ၁၀ လက်မခန့်၊ လုံးပတ် ၁၀ လက်မခန့်၊ နောက်ပိတ် အချင်း ၃ လက်မခန့်၊ ထိပ်ဝအချင်း ဝ. ၅ လက်မခန့်ရှိ ဗုံးသီးဟောင်း ၄ လုံး (သံချေးတက်/သုံးမရ)အား သွားရောက်စစ်ဆေးပြီး တပ်မတော်သို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။(Xinhua)