Connect with us

Politics, Law & Military

ရန်ကုန်နှင့် နေပြည်တော်၌ လိုင်စင်မဲ့ကား ဖမ်းမိ

ဖမ်းဆီးရမိသော လိုင်စင်မဲ့ကားအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် နေပြည်တော်၊ လယ်ဝေးမြို့တို့တွင် လိုင်စင်မဲ့ကား နှစ်စီးဖမ်းဆီး ရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်း ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လှည်းကူးမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၅ ရက် မွန်းနည့် ၁၂ နာရီကျော်တွင် သက်သေများနှင့်အတူ ပိတ်ဆို့ရှာဖွေ စစ်ဆေးနေစဉ် 6C/×××× နံပါတ်တပ်ဆင်ထားသည့် CELICA ခဲရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ယာဉ်ပေါ်ပါ နှစ်ဦးအား လှည်းကူးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နေပြည်တော်၊ လယ်ဝေးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လယ်ဝေးမြို့၊ ဆင်အုံကြုံပင်ရွာထိပ်၊ V4 လမ်းဆုံ၌ စက်တင်ဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီ ၁၅ က ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် 2L/×××× နံပါတ်တပ်ဆင်ထားသော MITSUBISHI Grand အနက်ရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသောကြောင့် ရဲလင်းမော်အား လယ်ဝေးမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.