Connect with us

Politics, Law & Military

‘ဝ’နှင့် မိုင်းလားအဖွဲ့တို့ နိုင်ငံတော် အကြီးအကဲများနှင့် တွေ့ဆုံရန် သဘောတူညီမှုရရှိဟုဆို

၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ‘ဝ’နှင့် မိုင်းလားအဖွဲ့တို့တွေ့ဆုံ ဆွေးနွေးစဉ် (ဓာတ်ပုံ- Khin Zaw Oo Facebook)

ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ‘ဝ’နှင့် မိုင်းလားအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် နိုင်ငံတော် အကြီးအကဲများနှင့် လာရောက် တွေ့ဆုံရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၂)ကိုယ်စားလှယ် ဦးခင်ဇော်ဦးထံမှ သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁-ရာစုပင်လုံ) အတွက် ဆွေးနွေးခဲ့ကြပြီး အဖွဲ့အားလုံးသည် နိုင်ငံတော် ငြိမ်းချမ်းရေးအတွက် အပြုဆောင်သည့် ချဉ်းကပ်မှုများနှင့် ရင်းနှီး ပွင့်လင်းစွာ သဘောထား အမြင်များကို တင်ပြ ဆွေးနွေးကြကြောင်း ၎င်းကဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်တွင် ပူးပေါင်း ပါဝင်ရန်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁-ရာစု ပင်လုံ) ကို တက်ရောက်ရန်နှင့် ယင်း တိုင်းရင်းသား ခေါင်းဆောင်များ နေပြည်တော်ကို လာရောက်ပြီး နိုင်ငံတော် အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားခဲ့ကြောင်း ဦးခင်ဇော်ဦးက ပြောသည်။
ယင်း တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော UWSP/UWSA (ဝ) အဖွဲ့နှင့် NDAA (မိုင်းလား) အဖွဲ့တို့သည်လည်း အဆိုပါ တွေ့ဆုံမှုတွင် ညီလာခံသို့ တက်ရောက်မည် ဖြစ်ကြောင်းနှင့် မကြာမီ နိုင်ငံတော် အကြီးအကဲများနှင့်လည်း လာရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ပြောကြားသည်။
၂၀၁၆ ဇွန်လ ၁၇ ရက်နေ့တွင် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့၌ ၂၁ ရာစု ပင်လုံ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့နှင့် မိုင်းလား အဖွဲ့ခေါင်းဆောင် စိုင်းလင်း ဦးဆောင်သော အထူးဒေသ (၄) ကိုယ်စား လှယ် ၊ ဦးကျောက်ကော်အန်း ဦးဆောင်သော အထူးဒေသ (၂) ‘ဝ’ တပ် ဖွဲ့ကိုယ်စား လှယ်တို့ နှင့် တွေ့ဆုံ ဆွေးနွေးကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံအကြို ပြင်ဆင်ရေး အဖွဲ့သည် ကိုးကန့် (MNDAA)၊ တအာင်း (ပလောင်) TNLA ၊ ရခိုင် AA တို့ နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.