Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး မြှင့်တင်ရေး ဆောင်ရွက်မှုများအား နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စယန်ဟီလီတို့ ဆွေးနွေး

နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စ ယန်ဟီလီ တို့တွေ့ဆုံစဉ်(MOFA)

ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် ကာကွယ်ရေးကိစ္စရပ်များဆောင်ရွက်နေမှုများအား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီတို့သည် ယနေ့ဇွန် ၂၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုအတူ ရခိုင်ပြည်နယ်ကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကိစ္စ၊ လွတ်လပ်စွာစုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကိစ္စ၊ စီးပွားရေး၊ လူမှုရေးအခွင့်အရေးများဆိုင်ရာကိစ္စ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေးကိစ္စနှင့် မြန်မာနိုင်ငံမှ ပါဝင်ရန် ကျန်ရှိသည့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ်များသို့ ဝင်ရောက်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီလီ သည် စက်တင်ဘာလတွင် နယူးယောက်မြို့၌ ပြုလုပ်မည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သို့ တင်သွင်းမည့် အစီရင်ခံစာ ပြုစုရန် မြန်မာနိုင်ငံသို့ဇွန် ၁၉ ရက်တွင် ရောက်ရှိလာခဲ့ပြီး ခရီးစဉ်အတွင်း ရန်ကုန်၊နေပြည်တော်၊စစ်တွေ၊မြစ်ကြီးနားနှင့် လာရှိုးမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ယခု ခရီးစဉ်သည် အစိုးရသစ်လက်ထက်တွင် ပထမဦးဆုံး ခရီးစဉ်ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် လာရောက်သည့် ခရီးစဉ် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.