Connect with us

Politics, Law & Military

အစိုးရသစ်တက်လျှင် လုပ်ဆောင်ရမည့် လုပ်ငန်းကိစ္စများကို ဝန်ကြီးဌာနအလိုက် အမြန်ဆုံး ပြင်ဆင်ထားရန် ဝန်ကြီးအသစ်များကို ဒေါ်အောင်ဆန်းစုကြည် မှာကြား

နိုင်ငံတော် သမ္မတ မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားပြီး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော ပြည်ထောင်စုဝန်ကြီးအသစ် ၁၄ဦးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ- NLD Chairperson Facebook)

နေပြည်တော်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

အစိုးရသစ်တက်လျှင် လုပ်ဆောင်ရမည့် လုပ်ငန်းကိစ္စများကို ဝန်ကြီးဌာနအလိုက် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ထားရန် နိုင်ငံတော် သမ္မတ မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားပြီး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော ပြည်ထောင်စုဝန်ကြီးအသစ် ၁၄ဦးနှင့် ယနေ့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်။

အစိုးရသစ်တွင် တာဝန်ထမ်းဆောင်မည့် ဝန်ကြီးများအနေဖြင့် အဂတိကင်းစင်ကြရန်နှင့် အပင်ပန်းခံပြီး စွန့်လွှတ်ကြရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရအသစ်အဖွဲ့ဝင် ဝန်ကြီး ၁၄ ဦးနှင့် ပထမဆုံးအကြိမ်တွေ့ဆုံရာ တွေ့ဆုံချိန် ၃နာရီကျော် ကြာမြင့်ခဲ့သည်။

ထို့ပြင် နိုင်ငံပိုင်အိမ်များတွင် ဝင်ရောက်နေထိုင်ရာတွင် အိမ်ထောင်ပရိဘောဂပစ္စည်းများကို ကိုယ်ပိုင်ငွေဖြင့် အကုန်အကျခံဝယ်ယူရမည် ဖြစ်ပြီး ရာထူးသက်တမ်းကုန်သည့်အချိန်တွင် အကုန်ထားခဲ့ရန် ၊တိုင်းပြည်အတွက် အနစ်နာခံပေးရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားကြောင်း သာသနာရေးဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။ (Xinhua)