Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
အဆင့်မြင့် ဓာတ်ငွေ့ ပိုက်လိုင်း အစားထိုးလဲလှယ်ရန် ကိုရီးယားချေးငွေ လွှတ်တော် အတည်ပြု - Xinhua News Agency
Connect with us

Politics, Law & Military

အဆင့်မြင့် ဓာတ်ငွေ့ ပိုက်လိုင်း အစားထိုးလဲလှယ်ရန် ကိုရီးယားချေးငွေ လွှတ်တော် အတည်ပြု

ပြညထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်တင်ခြင်း၊ အစားထိုး လဲလှယ်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် ကိုရီးယား သမ္မတနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ (EDCF:_ Economic Development Cooperation Fund) ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆သန်း ချေးယူရေးကို ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက အတည်ပြုခဲ့  သည်။

၂၀၂၀ ဖေဖော်ဝါရီ ၁၇ ရက်နေ့၌ ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး အဆိုပါ ဆွေးနွေးချက်များအပေါ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းတို့က အသီးသီး ပြန်လည် ရှင်းလင်း ဖြေကြား အပြီးတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချေးငွေကို ပြည် – ဆားခါး ၁၄ လက်မ ဓာတ်ငွေ့ပိုက်လိုင်း၏ မကွေး – ရွှေတောင်အပိုင်းအား အဆင့်မြှင့် အစားထိုး လဲလှယ်ခြင်း လုပ်ငန်းအတွက် အသုံးပြုမည်ဖြစ်ကြောင်း၊ စီမံကိန်း အကောင် အထည်ဖော်ရာတွင် ချမှတ်ထားသော work plan အတိုင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ချေးငွေပေးသည့် အဖွဲ့အစည်း၏ စည်းမျဉ်း စည်းကမ်းများ အရလည်းကောင်း၊ မိမိတို့ ဘဏ္ဍာရေး စည်မျဉ်း စည်းကမ်းများအရ လည်းကောင်း လုပ်ငန်း နှောင့်နှေးကြန့်ကြာမှုများ ရှိသောကြောင့် ကြိုတင် ပြင်ဆင် ဆောင်ရွက်သွားနိုင်ရန် လိုအပ်ကြောင်း၊ ချေးငွေနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်မှုကိုလည်း စောင့်ကြည့် ကြပ်မတ်သွားမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်း တင်ပြခဲ့သည်။

ထို့အတူ ၎င်းက နိုင်ငံတော်၏ ပြည်ပ ကြွေးမြီ လက်ကျန်နှင့် ပတ်သက်ပြီး ၂၀၁၉ ပထမ လွှတ်တော် မတိုင်မီကာလတွင် အမေရိကန် ဒေါ်လာ ၆ ဒသမ ၃၇၆ ဘီလီယံ ၊ ပထမ လွှတ်တော် ကာလတွင် ကန်ဒေါ်လာ ၃ ဒသမ ၂၀၅ ဘီလီယံနှင့် ဒုတိယ လွှတ်တော် ကာလတွင် ကန် ဒေါ်လာ ၀ ဒသမ ၄၂၂ ဘီလီယံ စက်တင်ဘာ ၃၀ ရက်နေ့အထိ အသီးသီး ရှိကြရာ ကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၀၀၃ ဘီလီယံ ရှိကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.