Connect with us

Politics, Law & Military

အမည်မည်းစာရင်း ရေးသွင်းထားသူများ အနက် ၆၁၉ ဦးအား ဖြေလျှော့ ပယ်ဖျက်

အမည်မည်း စာရင်းသွင်းခံထားရသူများ ပါဝင်ခြင်း ရှိမရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်များအား စစ်ဆေးနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

အစိုးရသစ်၏ ရက် ၁၀၀ စီမံချက် ကာလ အတွင်း အကြောင်း အမျိုးမျိုးကြောင့် အမည်မည်း စာရင်း(Black List) ရေးသွင်းထားသူများ အနက် မြန်မာနိုင်ငံသား ၂၄၈ ဦး ၊ နိုင်ငံခြားသား ၃၇၁ ဦး စုစုပေါင်း ၆၁၉ ဦးအား ဇူလိုင် ၂၉ ရက်တွင် အမည်မည်း စာရင်း(Black List) ရေးသွင်းထားခြင်းမှ ပယ်ဖျက်ခဲ့ကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

စီမံချက် ကာလအတွင်း ဖြေလျှော့ ပယ်ဖျက်နိုင်ရေး အတွက် အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သဘောထား မှတ်ချက်များ ရယူညှိနှိုင်းချက် အရ ဝန်ကြီးဌာန ၁၅ ခုနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့၏ သဘောထား မှတ်ချက် ပြန်ကြားချက်များ အရ ၆၁၉ ဦးအား ပယ်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အတူ မြန်မာနိုင်ငံသား ၁၈၅ ဦး ၊ နိုင်ငံခြားသား ၃၅၆၆ ဦး စုစုပေါင်း ၃၇၅၁ ဦးနှင့် ပျောက်ဆုံး/ပျက်စီးခြင်း နှင့် တရားဝင် နိုင်ငံကူး လက်မှတ် အဆင့်မှ ပယ်ဖျက်ထားသော နိုင်ငံကူး လက်မှတ် ၄၈၄၅ အုပ်တို့သာ အမည်မည်း စာရင်း(Black List) ရေးသွင်း ထားရှိပြီး ပယ်ဖျက်သင့်သူများအား ဥပဒေ နှင့် အညီ ဆက်လက် ဖြေလျှော့ ပယ်ဖျက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.