Connect with us

Politics, Law & Military

၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်း ကျပ် ၆၆ ဘီလျံဖိုး ဖျက်ဆီးနိုင်ခဲ့ဟု ဆို

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနားတွင် နိုင်ငံတော် ဒုတိယ သမ္မတ (၁) အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကိုမီးရှို့ ဖျက်ဆီးမှု တန်ဖိုးမှာ ကျပ်သန်းပေါင်း ၆၆၀၀၀ ကျော် (ကျပ် ၆၆ ဘီလျံကော်) ဖိုး ရှိကြောင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနားတွင် နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

“၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၈၈၀၀ ကျော် ရှိခဲ့ပြီး မူးယစ်ဆေးဝါးများ ဓာတုပစ္စည်းများနဲ့ ဆက်စပ်ပစ္စည်းများရဲ့ မီးရှို့ ဖျက်ဆီးမှု တန်ဖိုးမှာ ကျပ်သန်းပေါင်း ၆၆၀၀၀ ကျော် (ကျပ် ၆၆ ဘီလျံကော်) ဖိုး ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။အဆိုပါ မူးယစ်ဆေးဝါး အမှု ၈၈၀၀ ကျော်မှ အမျိုးသား တရားခံ ၁၁၉၆၅ ဦးကျော်နှင့် အမျိုးသမီး တရားခံ ၁၆၂၆ ဦးကျော်တို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်ပြီး နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းဆီးထားသော ငွေကြေးနှင့် ပစ္စည်းများ စုစုပေါင်းတန်ဖိုးမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်နှစ်တာအတွင်း ၇၇၄၄၄၂၂၂၀ ကျပ်ရှိကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တား ဆီး ကာကွယ်ရေး ဗဟိုအဖွဲ့၏ ၂၀၁၆ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြ ပါရှိသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနားတွင် UN အထွေထွေအတွင်းရေးမှူးချုပ် ပေးပို့သစည့် သဝဏ်လွှာကို UNODC ဌာနေ ကိုယ်စားလှယ် ဖတ်ကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်ပြီး ဘက်ပေါင်းစုံမှ တိုက်ဖျက် ချေမှုန်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားများ၏ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ဘိန်းစိုက်ပျိုးမှု လုံး၀ ချုပ်ငြိမ်း ပပျောက်ရေးတို့ကို မဟာဗျူဟာ ချမှတ်ပြီး ၁၉၉၉ – ၂၀၀၀ မှ ၂၀၁၃ – ၂၀၁၄ အထိ ၁၅ နှစ် စီမံကိန်းကို ရှမ်း ကချင် ကယား၊ ချင်းပြည်နယ်များရှိ မြို့နယ် ပေါင်း ၅၁ မြို့နယ်တွင် အကောင်အထညည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်မှ စပြီး ဘိန်းစိုက်ပျိုးမှု မြင့်တက်လာခြင်းနှင့် အသစ် ပေါ်ထွက်လာသည့်စိတ်ကြွဆေးပြား အန္တရာယ်များ ကြောင့် ၂၀၁၄ – ၂၀၁၅ ခုနှစ်မှ ၂၀၁၈ – ၂၀၁၉ ခုနှစ်အထိ မူးယစ်ဆေးဝါး ပပျောက်ရေး စတုတ္ထ ငါးနှစ် စီမံကိန်းကို တိုးချဲ့ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်းလည်း ဒုတိယ သမ္မတ(၁) ဖြည့်စွက်ပြောခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနားတွင် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ပိုစတာ ပြိုင်ပွဲများ၌ ဆုရရှိခဲ့သူများအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆုများ ချီးမြှင့်နေစဉ် (ဆင်ဟွာ)

မူးယစ်ဆေးဝါး သုံးစွဲမှုကို စနစ်တကျ ကုသနိုင်ရေးအတွက် ဆေးစွဲကုသရေး ဌာနကြီး ၂၆ ခုနှင့် ဌာနငယ် ၄၇ ခုတို့ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး ဆေးစွဲသူများကုသရေး နည်းလမ်းတစ်ခု ဖြစ်သည့် မက်သဒုံး အစားထိုး တိုက်ကျွေးရေး ဌာန ၄၆ ခုတို့ကို ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ် ဖြစ်သော “Listen FIRST” ဆိုသည့်အတိုင်း လူငယ်များ၏ ပြောကြားမှုကို ဦးစွာ နားထောင် ပေးပြီး ၎င်းတို့၏ ဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲမှု လျှော့ချရေး စသည် တို့ကို ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်သွားကြဖို့ တိုက်တွန်း နှိုးဆော်ပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနား သို့ တက်ရောက်လာသူမာျးအားတွေ့ရစဉ် (ဆင်ဟွာ)

ဆုရရှိသူများနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် ဒုတိယ ဝန်ကြီးများ၊ သံအမတ်ကြီးများနှင့် စစ်သံမှူးများ၊ မူးယစ်ဗဟိုအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ ကြပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်က ပေးပို့လာသည့် သဝဏ်လွှာကို အရှေ့တောင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ UNODC ဌာနေ ကိုယ်စားလှယ် Mr. Jeremy Douglas က ဖတ်ကြား ခဲ့သည်။ထို့နောက် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ပိုစတာ ပြိုင်ပွဲများ၌ ဆုရရှိခဲ့သူ ခြောက်ဦးတို့အား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ဆုများ ချီးမြှင့်ကာ ဆုရရှိသူများနှင့် မှတ်တမ်းဓာတ်ပုံများ ရိုက်ခဲ့ကြပြီး အခမ်းအနား တက်ရောက်လာ သူများ က ပြခန်းများတွင် လှည့်လည်ကြည့်ရှုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.