Connect with us

Politics, Law & Military

မြန်မာနိုင်ငံ(အောက်ပိုင်း) မှ ဖမ်းဆီးရမိထားသော ကန်ဒေါ်လာ ၂၁၇ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး


ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ(အောက်ပိုင်း) ရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် ၇ ခုနှင့် တပ်ဖွဲ့ ၂ ခုမှ ဖမ်းဆီးရမိသော အမေရိကန် ဒေါ်လာ ၂၁၇.၉၄ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယနေ့ ကျရောက်သော (၃၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအဖြစ် ရန်ကုန်တိုင်းဒေသကြီး၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ် ဆေးဝါး ပမာဏမှာ နှစ်စဉ် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ် ဆေးဝါး များထက် များပြားပြီး ယခင်နှစ်ထက် နှိုင်းယှဉ်ပါက အဆ ၄၀ ခန့်ပိုများကြောင်း သိရသည်။၎င်းမီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ် ဆေးဝါးများသည် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တနသာၤရီ တိုင်းဒေသကြီး ၊ ပဲခူး တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး နှင့် ရခိုင် ပြည်နယ် ၊ မွန် ပြည်နယ် ၊ ကရင် ပြည်နယ် ၊ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိခဲ့ပြီး တရားရုံး ပြီးပြတ်ချက် ရရှိပြီးသည့် မူးယစ်ဆေးဝါးများ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မူးယစ် ဆေးဝါး မီးရှို့ဖျက်ဆီးပွဲ အခမ်းအနား (ဆင်ဟွာ)

ယနေ့မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ ၊ စိတ်ကြွ ရူးသွပ် ဆေးပြား ၊ ဆေးခြောက် ၊ အိုက်စ် စသည်ဖြင့် စုစုပေါင်း ၂၅ မျိုး ပါဝင်ပြီး ကာလ ပေါက်ကြေး တန်ဖိုး အနေဖြင့် ငွေကျပ် ၂၉၆.၄ ဘီလီယံ ရှိကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ခုနှစ် အတွင်း မူးယစ် ဆေးဝါး ဖမ်းဆီး ရမိမှု ၉၈၁ မှုမှ ပြစ်မှု ကျူးလွန်သူ ၁၅၀၁ ဦးကို ဥပဒေ နှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။မြန်မာနိုင်ငံ အနေဖြင့် နှစ်စဉ် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး နှင့် တရား မဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် အကြိမ် ၃၀ မြောက် ရှိပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.