Connect with us

Politics, Law & Military

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီကြီး နှစ်ခုနှင့် အတူ တိုင်းရင်းသားပါတီများပါ အနိုင်ရရှိ

ရန်ကုန်တိုင်းဒေသကြီးတွင် ကြးဖြတ်ရွေးကောက်ပွဲကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများနှင့်တစ်သီးပုဂ္ဂလ များကလစ်လပ် မဲဆန္ဒနယ် ၁၃ နေရာ တွင်ပါဝင် ယှဉ် ပြိုင်ခဲ့သည့် အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၇ နေရာ ၊ ပြည်ထောင်စု

ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ၃ နေရာ ၊ တိုင်းရင်းသားပါတီများမှ ၂ နေရာ၊ တစ်သီးပုဂ္ဂလ ၁ နေရာ အနိုင်ရရှိခဲ့ကြောင်းသိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာ များအတွက် မြင်းခြံ၊ တာမွေ၊ လဲချား၊ ကန်ပက်လက် မဲဆန္ဒနယ် ၄ နေရာ တွင် ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ၃ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်နေရာ အသီးသီးအနိုင်ရရှိခဲ့သည်။

အမျိုးသားလွှတ်တော် မြစ်ကြီးနားမြို့မဲဆန္ဒနယ် တစ်နေရာ အတွက်ယှဉ်ပြိုင်ခဲ့ကြရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့သည်။

တိုင်းဒေသကြီး နှင့် ပြည်နယ် မဲဆန္ဒနယ် ၈နေရာ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ၄ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံံ့ဖြိုးရေးပါတီ မှ ၂ နေရာ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်မှ တစ်နေရာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ၁ နေရာ အနိုင်ရရှိခဲ့သည်။

၎င်းအနိုင်ရသည့် စာရင်းများအနက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအတည်ပြုပြီးသော အနိုင်ရသည့် ကိုယ်စားလှယ် ၁၂ ဦး ၏ အမည်စာရင်းကို နိုဝင်ဘာလ ၄ ရက် ကထုတ်ပြန်ကြေညာခဲ့သည်။

ကျန်ရှိနေသည့် ကန်ပက်လက်မဲဆန္ဒနယ်နှင့်ပတ်သက်၍ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က “ကန်ပက်လက်မဲဆန္ဒနယ် အတွက် အနိုင်ရရှိတဲ့ ကိုယ်စားလှယ်ကို ကျွန်တော်တို့ အတည်ပြုကြေညာလိုက်ပါပြီ’’ဟု ဆင်ဟွာကို နိုဝင်ဘာလ ၅ ရက်တွင်အတည်ပြုပြောကြားခဲ့သည်။ (Xinhua)