Connect with us

Politics, Law & Military

ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှကြေညာ


ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က ပြည်သူ့ လွှတ်တော် ၊အမျိုးသားလွှတ်တော်ကိုယ်စား လှယ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက် ခံရသူများ အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယနေ့ကြေညာချက်ထုတ်ပြန်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် မန္တလေးတိုင်းဒေသကြီး မြင်းခြံမဲဆန္ဒနယ်တွင် ဦးစိန်မြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမဲဆန္ဒနယ်တွင် ဦးတိုးဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ရှမ်းပြည်နယ် လဲချားမဲဆန္ဒနယ် တွင် စိုင်းဥက္ကာ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်) မှ ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီအတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပနေစဉ် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီအတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပနေစဉ် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီအတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပနေစဉ် (ဆင်ဟွာ)

အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် (၂) မဲဆန္ဒနယ် တွင် ဦးဆီးဟူးဒွေ့ (ပြည်ထောင်စုကြံံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ) ရွေးကောက်ခံခဲ့ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ၏ ကြေညာချက်ထဲတွင် ပါရှိသည်။တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ချင်းပြည်နယ်၊ မတူပီ (၁)မဲဆန္ဒနယ်တွင် ဦးအောင်လျန် (ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ၊စစ်ကိုင်းတိုင်းဒေသကြီး တမူး(၂) မဲဆန္ဒနယ်တွင် ဦးရိုထန်းပွီးယာ (ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ) ၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်း (၁) မဲဆန္ဒနယ်တွင် ဦးကျော်ဇေယျ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ၊ မကွေးတိုင်းဒေသကြီး မင်းဘူး (၂) မဲဆန္ဒနယ်တွင် ဦးကျော်ငွေ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း (၁) မဲဆန္ဒနယ်တွင် ဦးစိုးလွင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် တွင် ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန် (ခ) ဦးကျော်စိန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ရခိုင်ပြည်နယ်၊ ရသေ့တောင် (၂) မဲဆန္ဒနယ်တွင် ဦးတင်မောင်ဝင်း (တစ်သီးပုဂ္ဂလ)၊ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်း (၂) မြို့နယ်တွင် ဦးနေမျိုးအောင် (ပြည်ထောင်စုကြံံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ) ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။ယခု ၂၀၁၈ ခုနှစ်တွင် ကျင်းပသော ကြားဖြတ် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၉ ခုရှိ လစ်လပ် မဲဆန္ဒနယ် များ၌ ဆန္ဒမဲရုံ စုစုပေါင်း ၁၃၈၃ ရုံတွင်ပြည်သူများမဲဆန္ဒပေးခဲ့ကြ ကြောင်း သိရသည်။ (Xinhua)