Politics, Law & Military
၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို လွှတ်တော်အတည်ပြု

နေပြည်တော်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်က ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီ ဆွေးနွေးအတည်ပြုလိုက်ခြင်း ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းထားသည့် အခွန်ဥပဒေကြမ်းတွင် အကန့်အသတ်ဖြင့် အခွန်သက်သာခွင့်ပြုမည့်အချက်ကို ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်လိုက်ကြောင်း သိရသည်။
အဆိုပါ ပြင်ဆင်ချက်များတွင် စီမံကိန်းနှင့်ဘဏ်ရေးဝန်ကြီးဌာနက တင်ပြထားသည့် ဥပဒေကြမ်း အပိုဒ် ၇ ၏ ဖြည့်စွက်ချက်ဖြစ်သော ကန့်သက်ချက်နှင့် အခွန်လျှော့ချ ကောက်ခံမည့် အချက်ကို လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးက ပယ်ဖျက်ရန် ဆွေးနွေးအတည်ပြုသည့်အတွက် ဥပဒေကြမ်းကနေ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ထပ်မံလေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး(ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်-၃) က ဖတ်ကြားတင်ပြပြီးနောက် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီ အလိုက် အတည်ပြုရန် အဆိုတင်သွင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူကြောင်း သိရသည်။
အဆိုပါ ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အဆိုတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက် ရယူခဲ့ကြောင်း သိရသည်။
လက်ရှိ အတည်ပြုလိုက်သော အခွန်ဥပဒေတွင် ယခင် ကုန်သွယ်ခွန်လုံးဝကောက်ခံခြင်း မရှိသော ဝန်ဆောင်မှုလုပ်ငန်း ၂၉မျိုးရှိရာမှ လက်ရှိတွင် စာအုပ်၊စာပေစသည့်လုပ်ငန်းတစ်ခု ထပ်မံထည့်သွင်းလိုက်ရာ ကုန်သွယ်ခွန်လုံးဝကောက်ခံခြင်း မရှိသော ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစား ၃၀မျိုးထိရှိလာမည်ဖြစ်ကြောင်း သိရသည်။
(Xinhua)