Politics, Law & Military
၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီနှင့် နိုင်ငံရေး ဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင်လ ၁ ရက်နေ့ တွေ့ဆုံ ဆွေးနွေးမည်

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ ကော်မတီနှင့် UNFC (ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ) ၏ နိုင်ငံရေး ဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ဇူလိုင်လ ၁ ရက်နေ့ တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း UNFC က သတင်း ထုတ်ပြန်သည်။
နိုင်ငံရေး ဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ခေါင်းဆောင် ဦးခူဦးရယ် ဦးဆောင်ပြီး စုစုပေါင်း အဖွဲ့ဝင် (၆) ဦး နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ကော်မတီတို့ မနက်ဖြန် နံနက် ၁၀ နာရီ ရွှေလီလမ်း NRPC ရုံးတွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီမှ ဦးလှမောင်ရွှေက ပြောကြားသည်။
အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် ထိုင်းနိုင်ငံ၌ ဇွန်လ ၃ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့သည့် DPN နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီတို့ အနေဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သည့် နောက်ဆက်တွဲ ကိစ္စများကို တရားဝင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ယနေ့ UNFC က သတင်း ထုတ်ပြန်လိုက်သည်။ (Xinhua)