Connect with us

Politics, Law & Military

ကရင် ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-S) ဖွဲ့စည်း

ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းရေး ပထမအကြိမ် အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း ကရင်ပြည်နယ် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ( JMC-S ) ဖွဲ့စည်းရေး ပထမအကြိမ် အစည်းအဝေးထံမှ သိရသည်။

အဆိုပါ အဖွဲ့အစည်းကို အစိုးရဘက်မှ ကိုယ်စားလှယ် ၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ ကိုယ်စားလှယ် ၆ ဦးနှင့် အရပ်ဘက်အဖွဲ့အစည်းများမှကိုယ်စားလှယ် ၄ ဦး စုစုပေါင်း ၁၆ ဦးဖြင့် ဇွန်လ ၂၉ ရက်နေ့ က ဖွဲ့စည်းခဲ့သည်။

ကရင်ပြည်နယ် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ ( JMC-S ) ဖွဲ့စည်းရေး ပထမအကြိမ် အစည်းအဝေးတွင် ကရင်ပြည်နယ်၊ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S (Kayin) ကိုဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးချုပ်မျိုးဝင်း အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် KNU မှ ဗိုလ်မှူးကြီး စောဖောဒို၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဒေါ်နန်းစေးအွာ အရပ်ဘက် အဖွဲ့အစည်းများ ကိုယ်စားလှယ်နှင့် အဖွဲ့ဝင် (၁၃) ဦးတို့ဖြင့် ဖွဲ့စည်းလိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.