Connect with us

Politics, Law & Military

၆၆ (ဃ)အား အာမခံပေး၍ရသည့် ပုဒ်မအဖြစ် လွှတ်တော် အတည်ပြု

နေပြည်တော်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေး ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြီးခဲ့သည့် သြဂုတ်လလယ်ပိုင်း၌ အမျိုးသား လွှတ်တော်တွင် စတင်ဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်၌ ဆက်လက်ဆွေးနွေးခဲ့ကာ လွှတ်တော် နှစ်ရပ် သဘောကွဲလွဲမှု အချို့ရှိခဲ့သော်လည်း ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၏ သဘောတူချက်များအတိုင်း အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များအား သြဂုတ်လ ၂ ရက်တွင် အမျိုးသား လွှတ်တော်သို့ ပေးပို့ခဲ့ရာအမျိုးသား လွှတ်တော်တွင် ကန့်ကွက်ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ် မရှိသဖြင့် ယခုကဲ့သို့ အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ လွှတ်တော် နှစ်ရပ် သဘောတူညီချက်အရ ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက် ဖြစ်သည့် ၆၆ (ဃ) အတွက် ပြစ်ဒဏ် ထောင်ဒဏ် နှစ်နှစ် ထားရှိရေး ပြင်ဆင်ချက်အတိုင်း ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက မှတ်တမ်းတင် ပြီး အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ပြစ်ဒဏ်ကို နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဟု အတည်ပြုလိုက်ခြင်းကြောင့် ပုဒ်မ ၆၆ (ဃ)ကို ကျူးလွန်သူသည် အာမခံ ရရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.