Politics, Law & Military
Y-8လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူ ရုပ်အလောင်း ၄၈လောင်း သဂြိုလ်ပြီးစီး

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
Y-8လေယာဉ်ပျက်ကျမှုရာတွင် ယနေ့ ဇွန် ၁၃ ရက်နေ့ထိ အမျိုးသားရုပ်အလောင်း ၂၄ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၂၀ လောင်း၊ ကလေးရုပ်အလောင်း ၄ လောင်း စုစုပေါင်းရုပ်အလောင်း ၄၈ လောင်းအား ရုပ်မည်ခွဲခြားမှုပြုလုပ်နိုင်ကာ သဂြိၤုလ်ထားပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။
မောင်းမကန်-မရင်းကြီး ကမ်းခြေတစ်လျှောက် ရှာဖွေရေးလုပ်ဆောင်နေသည့် မြေပြင်တပ်များက အမျိုးသားရုပ်အလောင်း ၁ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် ဇွန် ၁၃ ရက်နေ့ နံနက်ပိုင်းထိ စုစုပေါင်းရုပ်အလောင်း ၈၆ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။(Xinhua)