Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် စိန်ခေါ်မှုများဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်လွှတ်တော်၌ လွှတ်တော် ကိုယ်စားလှယ်များအား မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ဒီမိုကရေစီ မရင့်ကျက်သေးသည့်အပြင် လူမျိုးပေါင်းစုံနေထိုင်သော မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရှုပ်ထွေးပြီး စိန်ခေါ်မှုများစွာနှင့် ပြည့်နှက်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၁၃ ရက် နံနက်ပိုင်းတွင် ဆွီဒင်လွှတ်တော်၌ လွှတ်တော် ကိုယ်စားလှယ်များအား ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နေရင်း စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ ဆောင်ရွက်လျက်ရှိကြောင်း၊ အမြစ်တွယ်ခဲ့ပြီဖြစ်သည့် ပဋိပက္ခတွေကိုဖြေရှင်း၍ အပြန်အလှန် ယုံကြည်မှုနှင့် လေးစားမှုကို မဖြစ်မနေတည်ဆောက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ပြည်သူများစည်းလုံးညီညွတ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်၏ သဘောသဘာဝသည် ဘက်စုံထောင့်စုံ ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဒုက္ခသုက္ခတွေ ပြည့်နေသော နိုင်ငံတစ်နိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရာတွင် သတိကြီးစွာဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် လုံလောက်သော အချိန်နှင့်နေရာလိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.